မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေးမှု ၁၀ချက် သဘောတူညီမှုရ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေးမှု ၁၀ချက် သဘောတူညီမှုရ
by -
မဇ္ဈိမ
နေပြည်တော်(အောက်တိုဘာ ၂၄ရက်)။ ။ နေပြည်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားလှယ်များအကြား သဘောတူညီချက် ၁၀ချက် ရရှိခဲ့တယ်လို့ ညဦးပိုင်းမှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုအပြီး အခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

သဘောတူညီချက်ထဲမှာ “ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံသားများဝင်ရောက်မှုအား ချက်ချင်း ရပ်တန့်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား စောနိုင်သမျှ အစောဆုံး ပြန်လည်နေရာချထားရေးအတွက် ရခိုင်ဒေသအတွင်း ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရန်”  ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ပြန်လည်နေရာချထားရေးအတွက် လာမယ့် နိုဝင်ဘာလမှာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့လည်း သဘောတူခဲ့ကြပါတယ်။

ဩဂုတ်လကုန်ပိုင်းမှာ ARSA အဖွဲ့က ရခိုင်ပြည်မြောက်ပိုင်းက လုံခြံုရေးရဲကင်းတစ်ချို့ကို စတင် တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်က စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင််ငံဘက်ကို ဒုက္ခသည် ၅သိန်းကျော် ထွက်ပြေးသွာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

“မြန်မာနိုင်ငံသားဆိုတဲ့ဟာကို ပြန်ခေါ်တာ မဟုတ်ဘူး။ ဒုက္ခသည်ဆိုတာကို ပြန်ခေါ်တာ မဟုတ်ဘူး။ ဒီဒုက္ခသည်နဲ့ပတ်သက်တဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ကျွန်တော်တို့ မဆွေးနွေးဘူး။ တစ်ချက်ထဲ ဆွေးနွေးခဲ့တာက နေရပ်ပြန်ရေးဆိုတာ မြန်မာနိုင်ငံမှာ အခြေချနေထိုင်ခဲ့သူများ၊ ဒီအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့လူတွေကို ပြန်လည်စိစစ်ပြီး လက်ခံရေးအစီအစဉ် ဆွေးနွေးတာပဲ ဖြစ်ပါတယ်” လို့ နိုင်ငံဖြတ်ကျော် မှုခင်ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...