တာမွေမြို့နယ် လျှပ်စစ်ရုံးကို မြို့ပြပြောက်ကျားများ ဗုံးခွဲတိုက်ခိုက်

တာမွေမြို့နယ် လျှပ်စစ်ရုံးကို မြို့ပြပြောက်ကျားများ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး၌ ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Freeland Attack Force (FLA) နှင့် Anonymous Fighters Force (AFF) တို့က ဦးဆောင်၍ ပူးပေါင်း မဟာ မိတ်အဖွဲ့ဖြစ်သည့် Emerald Girls Army (EGA)တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း FLA အဖွဲ့က ထုတ် ပြန်ထားသည်။

“စစ်ကောင်စီလက်အောက်ခံ‌ ထောက်တိုင်လည်းဖြစ်တယ်၊ ပြည်သူတွေကိုလည်း မီတာခတွေနဲ့ပတ်သက် ပြီး ခြိမ်းခြောက်တောင်းခံလာတာတွေ၊ မီတာရုံး၀န်ထမ်းတွေက ခြိမ်းခြောက်ပြောဆိုတာတွေ ပိုလုပ်လာ လို့လုပ်ခဲ့ တာပါ” ဟု တိုက်ခိုက်မှုပြုလုပ်ရသည့်အကြောင်းကို FLA အဖွဲ့တာဝန်ခံကိုနေမျိုးနွယ်က မဇ္ဈိမ သို့ပြောသည်။

ဗုံးပစ်တိုက်ခိုက်မှုအား ည ၁၂ နာရီ ၁၂ မိနစ်တွင် တကြိမ်၊  ည ၁၂ နာရီ ၃၇ မိနစ်တွင်တကြိမ် စုစုပေါင်း နှစ် ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“ပေါက်ကွဲတဲ့နေရာကို ကင်းလှည့်‌နေတဲ့ကားတွေ သွားတယ်သိရတယ်။ ဒုတိယအလုံးကွဲတော့ အိမ်‌တွေပါ တုန် ခါ တယ်ဆိုပြီး ပြန်ကြားရတယ်။ သွားတဲ့ ကင်းကားတွေရဲ့ နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေတယ်” ဟု တာဝန်ခံကိုနေမျိုးနွယ်က ပြောသည်။

တိုက်ခိုက်မှုပြုလုပ်သည့် တာမွေ လျှပ်စစ်ရုံးသည် အာဏာသိမ်းပြီးကာလမှစတင်ကာ ရုံးအတွင်း၊ အပြင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များအား အစောင့်အကြပ်ဖြင့် ချထားပြီး လုံခြုံရေးတင်းကြပ်ထားသည့် နေရာဖြစ်သည်။

ဖောက်ခွဲမှုပြုလုပ်သည့် အဖွဲ့ဝင်များအနေဖြင့် အန္တရာယ်ကင်းစွာဆုတ်ခွာလာနိုင်သည်ဟု အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က ရုံးအရှေ့၌ လုံခြုံရေးယူနိုင်ရန် သဲအိတ်သာကာထားသော်လည်း ယခုတွင်ဘန်ကာ အခိုင်အမာဆောက်ထားသည်ဟုလည်း နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...
July 1, 2026
နော်ဝေနိုင်ငံအခြေစိုက် မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့က ဦးဆောင်၍ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ...