ဘိုကလေးတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်

ဘိုကလေးတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦး နှင့် အကြမ်းဖက် ပုဒ်မများဖြင့် အကျဥ်းကျနေသူ တစ်ဦးတို့၏ နေအိမ်များကို စစ်ကောင်စီက ချိတ်ပိတ်လိုက်သည်။

ဘိုကလေးမြို့၊ အောင်သပြေ(၉)ရပ်ကွက်မှ အမျိုးသမီးတဦး၏ နေအိမ်၊ အမှတ်(၃)ရပ်ကွက် ဗလကြီး(ခေါ်) ကိုကျော်နိုင်၏ နေအိမ်နှင့် ဘိုကလေးမြို့တဖက်ကမ်း သာပေါင်းကျေးရွာမှ အမျိုးသားတဦး၏နေအိမ်တို့ ဇွန်လ ၉ ရက်နေ့က ချိပ်ပိတ်ခံခဲ့ရခြင်းဖြစ်သည်။

နေအိမ် ချိပ်ပိတ်ခံရသူ သုံးဦးအနက် အောင်သပြေ (၉) ရပ်ကွက်မှ အမျိုးသမီးနှင့် သားပေါင်းကျေးရွာမှ အမျိုး သားတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟုသိရပြီး အမှတ်(၃)ရပ်ကွက်မှ ဗလကြီး(ခေါ်) ကိုကျော်နိုင်မှာ အကြမ်းဖက်ပုဒ်မသုံးခုဖြင့် ဖျာပုံအကျဥ်းထောင်တွင် အကျဉ်းကျခံနေရသည်ဟု ဒေသခံ တဦးကပြောသည်။

“ကိုကျော်နိုင်ကတော့ ထောင်ထဲမှာအမှုရင်ဆိုင်နေရတယ်။ စုစုပေါင်းအမှုသုံးမှုမှာ တမှုကအမိန့်ချပြီးပြီ လို့ သိရတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အခုထိထွက်ပြေးနေကြရတယ်ဗျ” ဟု ဒေသခံတစ်ဦး က ပြောသည်။

အဆိုပါနေအိမ်များအား ဘိုကလေးမြို့နယ် စစ်ကောင်စီအဖွဲ့ဝင်များ၊ ရဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သတင်းတပ်ဖွဲ့ (SB)မှ အောင်မြင်ဦးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ ကိုမျိုးတို့က လိုက်လံချိပ် ပိတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

စစ်ကောင်စီသည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်နေကြသည့် PDF အဖွဲ့ဝင်များ၊ NUG နှင့် အဆက် အသွယ်ရှိသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်ကာ ၎င်းတို့၏ နေအိမ် များအား လိုက်လံချိပ်နေခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် ဧရာဝတီတိုင်းမှ လွှတ်တော် ကိုယ်စားလှယ်များ၊ PDF တပ်ဖွဲ့ဝင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ နေအိမ် ၁၀၀ နီးပါး ချိပ်ပိတ်ခံထားရသည်ဟု နီးစပ်သးများက ပြောသည်။

Most read this week

ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...
August 17, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများရှိ မြေရှားသတ္တုတူးဖော်မှုကို စည်းမျဉ်းချမှတ်...