ကြွက်များသီးနှံဖျက်ဆီးခြင်းကြောင့် ရှားတော တောင်သူများ ဆုံးရှုံး

ကြွက်များသီးနှံဖျက်ဆီးခြင်းကြောင့် ရှားတော တောင်သူများ ဆုံးရှုံး
by -
ကန္တာရဝတီတိုင်း(မ်)
ကန္တာရဝတီတိုင်း(မ်)။ ကယား(ကရင်နီ) ပြည်နယ် ရှားတောမြို့နယ် မြောက်ပိုင်း ဒေါဝယ်ရော ကျေးရွာရှိ တောင်သူများ၏ စိုက်ပျိုးမြေတွင် ကြွက်များကဝင်ရောက် ဖျက်ဆီးခြင်းကြောင့် သီးနှံ ဆုံးရှုံးမှုများ ကြံုတွေ့နေရသည်။

စပါး၊ ပြောင်းများကို အပင်ခြေရင်းမှ ကိုက်ဖြတ်ဖျက်ဆီးပြီး အသိုက်များ ပြုလုပ်နေ သည်ဟု တောင်သူ ဒေါ်ဒေးစေက ပြောသည်။

̏ပြောင်းဖူးပင်တွေကော စပါးပင်တွေကော အဖျက်များတယ်၊ နောက်လယ်ထဲက ရေလည်း မရဘူး၊ အပင်တွေအကုန်လုံးသေတယ်၊ စပါးတွေကျတော့ အောက်ဆုံး တွေမှာဖျက်တယ်၊ ပြောင်းဖူးတွေကျတော့ အရင်းတွေမှာဖျက်တယ် ̋ ဟု ပြောသည်။

ကြွက်များသည် နေ့တွင် တွင်းအောင်းနေပြီး ညမှ အပြင်ထွက်ကာ စပါးပင်များကို ဝင်ရောက်ကိုက်ဖြတ်ခြင်းကြောင့် တောင်သူများ နှိမ်နှင်းရန် အခက်ခဲရှိကြောင်း တောင်သူ ဦးလဲရယ်က ပြောသည်။

ကြွက်တွေဖျက်တာက လဝက်လောက်တော့ရှိပြီ၊ ညကျတော့ ကြွက်တွေဝင်တယ် နေ့ဘက်ကျတော့ မဝင်တော့ ကျနော်တို့လည်း ဘာမှ မလုပ်တတ်တော့ဘူး ဖြစ်နေတယ်̋ ဟု သူက ပြောသည်။

ကြွက်များသည် အိမ်ကြွက်နှင့် အရွယ်စားတူပြီး အနီရောင်သန်းကာ တောင်သူပိုင် မြေဧက ၂၀၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

ရှားတောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ̏ သူတ်ို့ ပြောပုံအရဆိုရင် သိပ်ထူးခြားတယ်၊ ကြွက်သတ်ဆေးကျွေးရင် ပိုများလာတယ်၊ ပိုဖျက်တယ်၊ ကြီးကြီးသေးသေး ရာထောင်ချီတယ်လို့ပြောတယ် ̋ ဟု ပြောသည်။

စက်ဖြင့်မထယ်နိုင်သည့် တောင်ပေါ်စိုက်ခင်းများတွင် တွင်းအောင်း၍ သီးနှံဖျက်ဆီးမှုမှာ တောင်ပေါ်ထက် ပိုမိုများပြားပြီး စိုက်ပျိုးမြေထဲ ဝင်ရောက်ဖျက်ဆီးနေသည်မှာ လဝက်ခန့်ရှိပြီ ဖြစ်သည်။

၂၀၀၇-၀၈ ခုနှစ်တွင် ကြွက်များ ဝင်ရောက် ပျက်စီးမှုများ ကြံုတွေ့ခဲ့သကဲ့သလို့ ယခင်နှစ်က လွိုင်ကော်မြို့နယ် ထီးစဲခါးကျေးရွာအုပ်စုရှိ ဒေါတဟေးရွာတွင်လည်း ပြောင်းခင်းများကို ကြွက်များက ဖျက်ဆီးခဲ့ခြင်းကြောင့် တောင်သူများ အခက်ကြံုတွေ့ခဲ့ရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...