ဖားကန့်တွင် PDF ထောက်ပို့ဟုဆိုကာ အမျိုးသား ၃ ဦးအား စစ်ကောင်စီဖမ်းဆီး

ဖားကန့်တွင် PDF ထောက်ပို့ဟုဆိုကာ အမျိုးသား ၃ ဦးအား စစ်ကောင်စီဖမ်းဆီး

ဖားကန့်မြို့နယ်၊ ဆန်းကြွယ် မော်တောင်း‌ကျေးရွာမှာ PDF ထောက်ပို့လို့ဆိုပြီး အမျိုးသား ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။

ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က  ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးတဲ့အချိန် စစ်ကောင်စီက သေ နတ်ပစ်ဖောက်တာလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“သူတို့သတင်းကြားလို့ တစ်ခါတည်းလိုက်သွားပြီး ဖမ်းတာပေါ့။ကားလည်းပါသွားတယ်” လို့ ဒေသခံတစ် ယောက်က ပြောပါတယ်။

စစ်ကောင်စီက လက်နက်အပြည့်အစုံနဲ့ ကင်းပတ်နေရင်း အဲဒီသုံးဦးကို PDF ထောက်ပို့လို့ ယူဆပြီး ရှေ့နောက် ပိတ်ပြီး ဖမ်းသွားတယ်လို့ ကြားသိရကြောင်း နောက်ထပ် ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။

“ရှေ့နောက် ညှပ်ပြီးတော့ဖမ်းတာ။ ကားပေါ်ကဆင်း သေနတ်တွေနဲ့ချိန်ပြီးတော့ ဖမ်းတာပေါ့။ တစ်ယောက်က ထွက်ပြေးမယ်လုပ်တော့ အဲဒီတစ်ယောက်ကို ပစ်ဖမ်းတယ်ပြောတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား ၃ ဦးဟာ မော်တောင်းကျေးရွာက ဦးသိန်းသိန်း၊ အေးမြသာယာက ဦးမောင်အေးနဲ့ ရှရော်ခကျေးရွာက ဦးမြင့်လွင်တို့ ဖြစ်တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတဲ့ အချိန် ဦးမောင်အေးက သေနတ်ကျည်ထိတယ်လို့ သိရပြီး  စစ်သားတွေက သူ့ကို ကားနောက်ဖုံးထဲ ထည့်ခေါ်သွားတယ်လို့ သိရကြောင်း ဖားကန့် ဒေသခံတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။

အဲဒီအမျိုးသား ၃ ဦးဟာ ကားနဲ့တကွ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဘယ်နေရာကို ဖမ်းဆီးသွားတယ်ဆိုတာတော့ မသိရသေးသလို ဖမ်းဆီးသွားတဲ့နောက် မော်တောင်းကျေးရွာမှာရှိတဲ့ ဦးသိန်းသိန်းရဲ့ နေအိမ်က ပစ္စည်းတွေကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ဝင်ရောက်သိမ်းဆည်းတာလည်း ရှိခဲ့တယ်လို့လည်း နီးစပ်သူတွေရဲ့ ပြောပြချက်တွေအရ သိပါတယ်။

April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...
April 21, 2026
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ရက်ကြာလာတဲ့အချိန်...