ပြည်နယ်ရှိ ထူးချွန်အားကစားသမားမျာကို အားကာသိပ္ပံ ပို့မည်

ပြည်နယ်ရှိ ထူးချွန်အားကစားသမားမျာကို အားကာသိပ္ပံ ပို့မည်
by -
ကန္တာရဝတီတိုင်း(မ်)
ပြိုင်ပွဲဝင်မြင်ကွင်းတခု (ဓါတ်ပုံ-ကေတီ)
ပြိုင်ပွဲဝင်မြင်ကွင်းတခု (ဓါတ်ပုံ-ကေတီ)
ကန္တာရဝတီတိုင်း(မ်)။ ကယား(ကရင်နီ) ပြည်နယ်တွင် မြို့နယ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပပြီး ငယ်ရွယ် ထူးချွန်သည့် အားကစားသမားများကို ရွေးချယ်ကာ အားကစား သိပ္ပံကျောင်းကို ပို့မည်ဖြစ်သည်။

ဇူလိုင် ၅ ရက်က ဒီမော့ဆိုမြို့နယ် အားကစားကွင်းအတွင်း ပထမအကြိမ် မြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလားပြိုင်ပွဲကို ပြုလုပ်ပြီး ထူးချွန်သူ ၂၀ ရွေးချယ်သွားမည်ဟု မြို့နယ် အားကစားမှူး ဦးစောကိုလေးကပြောသည်။

“ဒီလိုမြို့နယ်အဆင့်တွေ ပြိုင်ပွဲလုပ်မှ ဒီရွက်ပုန်းသီး အားကစားသမားတွေ ထွက်လာ မှာလေ၊ ထွက်လာတော့ ပြည်နယ်အတွက် ကျနော်တို့ရမယ်၊ ပြည်နယ်ကနေ နိုင်ငံလက်ရွေးစင်အတွက် နိုင်ငံမှာ ထူးချွန်တဲ့ အားကစားသမားတွေဖြစ်အောင် ကျနော်တို့ ရည်ရွယ်ပါတယ်” သူက ဆိုသည်။
a
ပြိုင်ပွဲဝင်မြင်ကွင်းတခု (ဓါတ်ပုံ-ကေတီ)ငွေရေးကြေးရေးအခက်အခဲကြောင့် မြို့နယ်အလိုက်ပြိုင်ပွဲများ ယခင်က မပြုလုပ်ခဲ့ သည့်အတွက် အရည်အချင်းရှိ အားကစားသမားများရှိသော်လည်း မထွက်ပေါ်လာ ကြောင်း ဦးစောကိုလေးက ပြောသည်။

အားကစားဖွ့ံဖြိုး တိုးတက်ရန် ပြည်နယ်တိုင်းအလိုက် ဝန်ကြီးချုပ်ဖလား အားကစား ပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ချင်းနှင့် ပြေးခုန်ပစ်တို့ပါဝင်ပြီး တနှစ်ကို ၂ ကြိမ် ပြုလုပ်မည် ဖြစ်သည်။

သေးဆူလဲကျေးရွာသူ မဖရေမြာက “ကြိုးတော့ ကြိုးစားမှာပါ၊ ပါနိုင်အောင်တော့ အဲလို စိတ်ဓါတ်မျိုးရှိပါတယ်၊ မြန်မာ့လက်ရွေးစင်အထိ ရနိုင်အောင် လုပ်မယ်လို့ စဉ်းစားပါ တယ်”ဟု ပြောသည်။

ဒီးမော့ဆို ရူးဖယ်ခူရပ်ကွက်က ဘောလီဘော အားကစားသမား ခူးရှားရယ်က “အဆင့်ကတော့ ဆုရ ရမယ်ပေါ့၊ ဖလားရအောင်လည်း ကြိုးစားမှာပေါ့၊ အဲထိတော့ မျှော်လင့်တာပေါ့”ဟု ဆိုသည်။

ပြည်နယ်တွင် ဦးစားပေးမြို့နယ်အဖြစ် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များတွင် ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...