ကျောက်တလုံးစခန်းမှ မွတ်ဆလင်ဒုက္ခသည်များ နေရာသစ်သို့ ပြောင်းရွှေ့ပြီးပြီ

ကျောက်တလုံးစခန်းမှ မွတ်ဆလင်ဒုက္ခသည်များ နေရာသစ်သို့ ပြောင်းရွှေ့ပြီးပြီ
ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ရွှေ့ပြောင်းထားသည့် စခန်းနေရာသစ်။
ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ရွှေ့ပြောင်းထားသည့် စခန်းနေရာသစ်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံးစခန်းမှ မွတ်ဆလင်ဒုက္ခသည်များမှာ နေရာသစ်သို့ ပြောင်းရွှေ့ ပြီးပြီဖြစ်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

မွတ်ဆလင်ဒုက္ခသည်များကို ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့တွင် နောက်ဆုံးထားပြောင်းရွှေ့ရန် စစ်ကောင်စီက ပြောဆိုထားသော်လည်း “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မှုကြောင့် ပြောင်းရွှေ့မည့်အစီအစဉ်ကို နောက် ဆုတ်ခဲ့ရသည်။

ထို့ကြောင့် ကျောက်တလုံးစခန်းမှ မွတ်ဆလင် ဒုက္ခသည်များသည် နေရသစ်သို့ မေလ ၃၁ ရက်နေ့ မုန်တိုင်း အလွန်တွင် စစ်ကောင်စီ အစီအစဉ်ဖြင့် စခန်းသစ်သို့ အပြီးသတ် ပြောင်းရွှေ့လိုက်ရခြင်း ဖြစ်သည်ဟု စခန်း တာဝန်ခံ ဦးမော်နီက ပြောသည်။

“နေဖို့ထိုင်ဖို့ အဆင်မပြေတာတွေတော့ ရှိပါတယ်။ လမ်းတွေဆိုရင်လည်း ဆိုင်ကယ်တစ်စီးစာ သွားဖို့တောင် ခက်ခဲပါတယ်။ မိုးရွာရင် ဗွက်တွေထနေတော့ အဆင်မပြေတာတွေတော့ ရှိပါတယ်” ဟု ဦးမော်နီက ပြောသည်။

မွတ်လင်ဒုက္ခသည်များကို လက်ရှိနေထိုင်ရာ ကျောက်တလုံးစခန်းနှင့် ၂ ဖာလုံဝေးသည့် ဂုံးချိန်ကျေးရွာအနီး မြေနေရာတွင် ပြောင်းရွေ့နေထိုင်ရန်အတွက် စစ်ကောင်စီက စီစဉ်ထားခြင်း ဖြစ်သည်။

အဆိုပါ နေရာသစ်တွင် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိသော မြေကွက်နှင့် ငွေကျပ် ၂၅ သိန်း တန်ဖိုးရှိ သွပ်မိုး၊ ဝါးထရံကာ ပျဉ်ခင်းအမျိုးအစားဖြစ်သည့် နေအိမ် ၃၆၈ ဆောင်ကို ဆောက်လုပ်ပေးထားသည်။ နေအိမ်များမှာ ဆွေးမြေ့ ပျက်စီးနေပြီဖြစ်၍ ကိုယ်ထူကိုယ်ထ ပြုပြင်မှုများ လုပ်ဆောင်ထားရသည်ဟု မွတ်ဆလင်ဒုက္ခသည် များက ပြောသည်။

စခန်းသစ်အနီးတွင် ချောင်းလက်တက်များရှိ၍ ဒီရေအတက်အကျရှိခြင်း၊ မိုးရွာလျှင် ရေဝပ်ခြင်းများ ရှိသည့် အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် လုပ်ကိုင်စားသောက်ရန် အခွင့်အလမ်းနည်းပါးနေသည်ဟု ဒုက္ခသည်များက ပြောသည်။

ကျောက်တလုံးဒုက္ခသည်စခန်းမှ ဒေါ်မဖြူက “အာဏာပိုင်တွေက ပြောင်းခိုင်းလို့သာ ပြောင်းရတာပါ။ အရင် နေရာလိုမျိုး လုပ်ကိုင်စားသောက်ဖို့ရော၊ နေထိုင်ဖို့ရော ဘယ်လိုမှ အဆင်မပြေပါဘူး။ အိမ်အပေါ်မှာ ဆိုရင် လည်း ဆွေးမြေ့နေပြီး၊ အိမ်အောက်မှာဆိုရင် သွားလာလို့မရအောင် ရွံ့ရေတွေ ပြည့်လျှံနေပါတယ်” ဟု ပြောသည်။

ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁,၀၀၀ ကျော်ရှိပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်ကြောင့် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ ပိုက်ဆိပ်ရက်ကွက်၊ သမ္ဗာန်ချောင်း ရပ်ကွက် တိုးချဲ့ရပ်ကွက် စသည့် မြို့ပေါ်ရပ်ကွက်များမှ ပြောင်းရွှေလာခဲ့ရသူများ ဖြစ်သည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...