မြောက်ဦးရှိ တပ်စခန်းဟောင်းများကို စစ်အုပ်စုတပ် လေကြောင်းမှ ဗုံးကြဲ

မြောက်ဦးရှိ တပ်စခန်းဟောင်းများကို စစ်အုပ်စုတပ် လေကြောင်းမှ ဗုံးကြဲ
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က ဂျက်ဖိုက် တာ ၃ စီးဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တပ်စခန်းဟောင်းများဖြစ်သည့် ခမရ ၅၄၀၊ ၃၇၇၊ ၃၇၈ တပ်ရင်းများနှင့် အမှတ် (၃၁) ရဲတပ်ရင်း အနီးတစ်ဝိုက် ကို ဂျက်ဖိုက်တာ ၃ စီးဖြင့် စက်တင်ဘာ ၁၇ ရက် မွန်းတည့် ၁၂ နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက “မြောက်ဦးမြို့ ၅၄၀ တပ်ရင်းကို ဗုံး ၄ လုံးကြဲတယ်။ တခြား တပ်စခန်း တွေကိုလည်း တိုက်ခိုက်ခဲ့တယ်။ ထိခိုက်မှုတွေကို လောလောဆယ် မသိရသေးဘူး။ ဗုံးကြဲနေစဉ်အတွင်းမှာ မြို့အဝင်အထွက် ဂိတ်တွေကို ခဏပိတ်ဆို့ ထားတယ်။ အခုတော့ လားလာခွင့်တွေ ရနေပါပြီ” ဟု ပြောသည်။

အဆိုပါ ဗုံးကြဲမှုဖြစ်စဉ်အတွင်း အရပ်သား ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို ဆက်လက် စုံစမ်းလျက် ရှိသည်။

မြောက်ဦးဒေသခံ အမျိုးသားတစ်ဦးက “လေယာဉ် ၃ စီးလောက်နဲ့ တပ်စခန်းဟောင်းတွေဖက်ကို ဗုံးပတ်ကြဲ သွားတာ။ အရပ်သား ထိခိုက်သေဆုံးမှုတွေတော့ မသိရသသေးဘူး။ ဒေသခံတွေကတော့ ဗုံးကြဲတိုက်ခိုက်နေတဲ့ အချိန်တုန်းက စိုးရိမ်မှုတွေမြင့်တက်နေကြပေမဲ့ အခုတော့ ပုံမှန်ပါပဲ” ဟု ပြောသည်။

ထို့အတူ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင်လည်း စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်ကျေးရွာ နှင့် မင်းချောင်းတံတား အနီးတစ်ဝိုက်ကို ဂျက်တိုက်လေယာဉ်များဖြင့် အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

ယခုရက်ပိုင်းအတွင်း စစ်တွေမြို့နယ်၌ စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်မြေပြင်တွင် အထိနာနေသည့် စစ်အုပ်စုတပ်သည် ရခိုင်ပြည်အတွင်းရှိ အခြားမြို့နယ်များကိုလည်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်လျက် ရှိသည်။

“စစ်တွေတိုက်ပွဲမှာ စစ်တပ်ဖက်က တပ်တွေ အထိနာတော့ မြောက်ဦး၊ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေကို ဆက် တိုက် ဗုံးကြဲနေတာပါ။ ပြည်သူတွေနေထိုင်ရာနေရာတွေကိုပါ ဗုံးကြဲလာနိုင်တယ်။ ဒါကြောင့် ပြည်သူတွေအနေ နဲ့ ဒီရက်ပိုင်း လေကြောင်းအန္တရာယ် အထူးသတိထားရမဲ့ အခြေနေလို့ မြင်တယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

စစ်အုပ်စုတပ်သည် စစ်တွေ၊ ကျောက်ဖြူနှင့် အခြားဒေသများမှတစ်ဆင့် ရခိုင်ပြည်အတွင်းသို့ ပြန်လည် ဝင် ရောက်နိုင်ရေးအတွက် မြေပြင်စစ်ကြောင်းများကို အလုံးအရင်း အသုံးပြု၍ ထိုးစစ်ဆင်နေသလို လေကြောင်း နှင့် ရေကြောင်း အင်အားများကိုပါ အဓိကထား အသုံးပြုတိုက်ခိုက်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် အထူးသတိပြုကြရန် အာရက္ခတပ်တော်ကလည်း တိုက်တွန်းထားသည်။

Most read this week

ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...