စစ်တွေတိုက်ပွဲနှင့် ARSA အန္တရာယ်ကြောင့် ရသေ့တောင်၌ ညကင်းစောင့်နေရ

စစ်တွေတိုက်ပွဲနှင့် ARSA အန္တရာယ်ကြောင့် ရသေ့တောင်၌ ညကင်းစောင့်နေရ
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd

ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ ကျေးရွာ များတွင် စစ်တွေတိုက်ပွဲနှင့် ARSA အဖွဲ့၏ အန္တရာယ်များကြောင့် ကျေးရွာလုံခြုံရေးအတွက် ညကင်းများ အလှည့်ကျ စောင့်ဆိုင်းနေကြရကြောင်း ဒေသခံများက ပြောသည်။

လတ်တလောတွင် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ စစ်တွေနှင့် ထိစပ် နေသည့် ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်ခြေအောက်မှ အမျက်ရ၊ ချွတ်ပြင်၊ ရီနံသာ၊ အောင်ဇေယျ စသည့် ကျေးရွာများတွင် ရွာလုံခြုံရေးအတွက် ကင်းများ အလှည့်ကျ ခွဲဝေစောင့်ဆိုင်းခိုင်းထားခြင်း ဖြစ်သည်။

“တောင်တန်း တစ်ကြောက ကျေးရွာတွေကို လုံခြုံရေးကင်းစောင့်ခိုင်းတာတွေ ရှိတယ်။ လူစိမ်းတွေ အဝင်/ အထွက် ဆိုရင် စစ်ဆေးဖို့၊ အနီးအနားက မဟုတ်တဲ့ မသင်္ကာတဲ့လူတွေကို စစ်ဆေးမေးမြန်းပြီး သက်ဆိုင်ရာကို အကြောင်းကြားဖို့ ဆိုပြီးပေါ့” ဟု ရသေ့တောင် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ်သည် စစ်ရေးတင်းမာနေသည့် စစ်တွေနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့နှင့် ထိစပ်နေသည့်အပြင် ပြီးခဲ့သည့် သီတင်းပတ်ကလည်း စစ်အုပ်စုတပ်က ရေတပ်အင်အားအများအပြားဖြင့် ရသေ့တောင်မြို့နယ် ဘက် သို့ လက်နက်ကြီးများ ပစ်ခတ်ကာ စစ်ကြောင်းကမ်းတက်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။

ထို့ပြင် မေယုတောင်တန်းအတွင်း မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့ စိမ့်ဝင်လှုပ်ရှားနေသည်ဆိုသည့် သတင်းများကြောင့်လည်း ဒေသခံများမှာ ရပ်ရွာလုံခြုံရေးကို ပိုမိုသတိထား ဆောင်ရွက်နေကြရခြင်း ဖြစ်သည်။

လက်ရှိတွင် ULA/AA ၏ ညွှန်ကြားချက်အတိုင်း ကျေးရွာအချို့၌ ကင်းရုံများ ဆောက်လုပ်ကာ ကင်းစောင့်ရန် အလှည့်ကျ ခွဲတန်းများ ချမှတ်ထားကြောင်း ဆိုသည်။

အခြား ရသေ့တောင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက “အလှည့်ကျ ကင်းစောင့်ရမယ်လို့တော့ သိထားတယ်။ ဒီဘက်မှာ အရင်ကလည်း ဒီလို မကြာမကြာ စောင့်ခိုင်း တာတွေ ရှိတယ်။ ဒါကတော့ ဒေသလုံခြုံရေး အတွက် ပါ” ဟု ပြောသည်။

ယခုကဲ့သို့ ကင်းစောင့်နေရခြင်းမှာ မေယုတောင်တန်းတစ်လျှောက် ရှိနေသည့် ကျေးရွာများဖြစ်သဖြင့် ARSA အန္တရာယ်ကြောင့် ဖြစ်သလို စစ်တွေမြို့ဘက်မှ ALP တပ်ဖွဲ့ဝင်များ စိမ့်ဝင်လာမည်ကို စိုးရိမ်သည့်အတွက်ကြောင့် လည်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

အာရက္ခတပ်တော် (AA) သည် ရသေ့တောင်မြို့နယ်ရှိ စစ်အုပ်စုတပ် အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်တွင် မြို့နယ်တစ်ခုလုံးကို အပြီးသတ် ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...