မုန်တိုင်းသင့်ပြည်သူများ နေထိုင်ရန်နေရာ အခက်အခဲရှိနေဆဲဟု ကုလထုတ်ပြန်

မုန်တိုင်းသင့်ပြည်သူများ နေထိုင်ရန်နေရာ အခက်အခဲရှိနေဆဲဟု ကုလထုတ်ပြန်

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံစားနေရသည့် မြန်မာ အနောက်မြောက်ဒေသနှင့် ရခိုင်ပြည်အတွင်းက ပြည်သူ ဦးရေ ၁.၆ သန်းမှာ ဘေးကင်လုံခြုံသည့် နေစရာနေရာရရှိရန် အဓိကလိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိင်းရေးမှူးရုံး (UNOCHA) က မေ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

လက်ရှိတွင် မုန်တိုင်းဘေးဒဏ်သင့် လူဦးရေ (၆၃,၀၀၀) အတွက် အမိုးအကာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပံ့ပိုးနိုင်ခဲ့သော်လည်း ပြည်သူများလက်ဝယ်သို့ ပစ္စည်းများဖြန့်ဝေရာတွင် ပိုမိုကျယ်ပြန့်သည့် ဝင်ရောက်ကူညီခွင့် အရေးတကြီးလိုအပ်နေကြောင်း UNOCHA Myanmar က ဆိုသည်။

ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များရှိ ကျေးရွာများမှ ဒေသခံများအား နိုင်ငံတကာ အကူအညီများနှင့် ပတ် သက်ပြီး DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် အကူအညီအချို့ ရရှိသော်လည်း နိုင်ငံတကာအဖွဲ့များက လာ ပေးခြင်းမဟုတ်ကြောင်း ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြိုနယ်၊ ဆင်အင်ကြီးကျေးရွာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တစ်ရွာလုံးအတွက် သွပ်ပြား (၁၅) ချပ်၊ စားသုံးဆီ (၆) ဗူး၊ သံ (၃) ပိဿာ၊ ခေါက်ဆွဲ (၄) ဖာ၊ ဆန်အနည်းငယ် လာပေးသည်ဟု ကျေးရွာတာဝန်ခံ ဦးမိုးဇော်က ပြောသည်။

“(နိုင်ငံတကာ)အဖွဲ့အစည်းတွေက ဘာအကူအညီမှ မပေးသေးပါဘူး။ ထွေအုပ်ကပေးတဲ့ သံဖြူ(သွပ်)ကတော့ တရွာလုံးတွက် (၁၅) ချပ်ပေးတာပါ။ ရွာမှာကတော့ အခုလက်ရှိမှာ အမိုးအကာတွေ အရေးပေါ် လိုအပ်နေပါ တယ်။ အခုလည်း မိုးရွာရင် နေစရာနေရာ မရှိ ဖြစ်နေကြတယ်။ မနေ့ကတော့ ICRC က မေးခွန်းတွေ လာမေးတာ ရှိတယ်။ နောက်မှ ပေးလာမလား ဆိုတာတော့ ပြောရခက်တယ်” ဟု ဦးမိုးဇော်က ပြောသည်။

လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မြေပြင်သို့ကွင်းဆင်းပြီး ဝင်ရောက်ကူညီခွင့် အတည်ပြု ချက်ကို စောင့်ဆိုင်းနေသော်လည်း ၎င်းတို့တွင် ရှိနှင့်ပြီးသားခွင့်ပြုချက်ဖြင့် အမိုးအကာ၊ ရေနှင့် အခြေခံ ကျန်းမာ ရေး စောင့်ရှောက်မှု၊ အရေးပေါ်စားနပ်ရိက္ခာများကို လက်လှမ်းမီသလောက် ပံ့ပိုးနေကြောင်း UNOCHA က ဆို သည်။

ရသေ့တောင်မြို့နယ် စပါးထား (ခ) ဇရပ်လှကျေးရွာတွင် နေအိမ် ၁၈၀ ကျော် ပျက်စီးသွားပြီး နေအိမ်များ ပြန် လည် တည်ဆောက်ရေး လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု မရသေးသဖြင့် အခက်အခဲဖြစ်နေသည်ဟု ပြောသည်။

ဇရပ်လှကျေးရွာမှ ဒေါ်စန္ဒာဝင်းက “အခုအချိန်မှာ ကျမတို့ နေထိုင်စရာ မရှိဘူးဖြစ်နေတယ်။ သွပ်အမိုးပြားတွေ၊ တာပေါ်လင်စတွေ၊ မိုးကာ၊ သံမှိုတွေ  ဝယ်လို့မရဘူး။ တချို့ဆိုရင် စားစရာဆန်မရှိလို့ သူများတွေဆီက ချေးငှား ပြီး စားနေရတယ်။ ကလေးတွေအတွက်ကတော့ တော်တော်လေး ဒုက္ခဖြစ်ရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဒေသခံတချို့နှင့် စစ်ဘေးရှောင်တို့မှာ မိမိတို့နေအိမ်များကို ကိုယ်ထူကိုယ်ထ ယာယီ တည်ဆောက် မှုများ ရှိနေသော်လည်း သွပ်ပြား၊ အခင်းနှင့် တခြား အိမ်အသုံးဆောင်ပစ္စည်းများ အရေးတကြီး လိုအပ်နေသည်။

ရသေ့တောင်မြို့၊ စေတီတောင်အရှေ့ဘက် စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးဝင်းချေက “အခုပြန်ပြုပြင်ထားတဲ့ တဲအိမ်တွေက မိုးဒဏ်ကို မခံနိုင်ဘူး။ အဖွဲအစည်းတွေက အိမ်ဆောက်ဖို့ကူညီမှပဲ အဆင်ပြေမယ်။ မိုးတွင်းကျ ရင် မိုးအများကြီးရွာတာ၊ လေလည်းတိုက်မယ်ဆိုရင်တော့ ရေရှည်ခံနိုင်မှာ မဟုတ်ပါဘူး။ အခုပြိုသွားတဲ့ တဲ အိမ်တွေကို ပြုပြင်နေတာကလည်း ခေတ္တနေနိုင်ဖို့အတွက် ယာယီလုပ်ထားတာပါ” ဟု ပြောသည်။

ရခိုင်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် လေဘေးနှင့် ရေဘေးသင့် ပြည်သူ ၁၁၅၆,၇၉၆ (ဆယ့်တစ်သိန်း ငါးသောင်းခြောက်ထောင် ခုနစ်ရာ ကိုးဆယ့်ခြောက်) ဦး ရှိပြီး ပျက်စီးဆုံး ရှုံးမှု တန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၄၆,၉၈၆ ရှိကာ သေဆုံးလူ ၁၄၈ ဦးအထိရှိကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...