ကယန်းပြည်သစ်တပ်ဖွဲ့လုံခြုံရေးဂိတ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ

ကယန်းပြည်သစ်တပ်ဖွဲ့လုံခြုံရေးဂိတ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ

ကရင်နီပြည်နယ်၊ မိုးဗြဲ - ပီကင်းလမ်းမပေါ်ရှိ ကယန်းပြည်သစ် လုံခြုံရေးဂိတ်စခန်းတစ်ခုကို စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Progressive Karenni People Force  (PKPF) က သတင်း ထုတ်ပြန်သည်။

ယနေ့ ဇွန်လ (၁) ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံခြင်း ဖြစ်သည်ဟု PKPF က ထုတ်ပြန်ထားသည်။

PKPF သတင်းနှင့် ပြန်ကြားရေးဗျူရိုက “ဒီနေ့မနက်က မိုးဗြဲအနောက်ခြမ်း ကယန်းပြည်သစ် လုံခြုံရေးဂိတ် အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကယန်းပြည်သစ် ရဲဘော် ထိခိုက်မှု ရှိမရှိ အတည်မပြုရသေး။ ဘေးကင်းကြပါစေ” ဟု ပြောဆိုထားသည်။

စစ်ကောင်စီက လေကြောင်းအသုံးပြု ဗုံးကြဲမှုကို ၂ ကြိမ်ပြုလုပ်ခဲ့ရာ အဆိုပါ ကယန်းပြည်သစ်တပ်ဖွဲ့၏ လုံခြုံရေး ဂိတ်စခန်း တစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက “မနက်စောတယ်ဗျ။ ၄ နာရီ ကျော်ကျော်လေးကပေါ့။ အထိအခိုက် ကတော့ အခုချိန်ထိ မသိရသေးဘူး။ သိရင် ကျနော်ပြန်ပြောပေးပါ့မယ်။ ဒီနားတစ်ဝိုက်ကို လေယာဉ်တွေနဲ့ လာ ပစ်တာဗျ။ စကစက ဘာအကြောင့် လာတိုက်တာလဲ။ ဒါကျတော့ အရပ်သားတွေ မသိနိုင်ဘူးဗျ” ဟု ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းအသုံးပြု ဗုံးကြဲမှုများအား မိုးဗြဲဂိတ်၊ ဖယ်ခုံ၊ မြေနီကုန်း၊ စက်တော်၊ လွယ်လုံနှင့် ခေါင်းအိဒေသများကို အဓိက ပစ်မှတ်ထား ပြုလုပ်နေကြောင်းကိုလည်း အဆိုပါ ဒေသတွင်း သတင်းအရင်း အမြစ်က ပြောသည်။

စစ်တပ်က လေကြောင်း အသုံးပြု ဗုံးကြဲမှုကို ခံနေရသည့် ဒေသများသည် ကယန်းပြည်သစ်တပ်မတော် ထိန်း ချုပ်နယ် မြေများဖြစ်ပြီး ပျက်စီး ထိခိုက်မှုအခြေအနေများအား နိရဉ္စရာ သတင်းဌာနအနေဖြင့် စုံစမ်းနေဆဲ ဖြစ် သည်။

စစ်ကောင်စီက ကယန်းပြည်သစ်တပ်ဖွဲ့သည် ၎င်းတို့နှင့် ပူးပေါင်းပါဝင် တိုက်ခိုက်ပေးခြင်းမရှိသည့်အတွက် လာရောက် ပစ်ခတ်တိုက်ခြင်းမျိုး ဖြစ်နိုင်သည်ဟုလည်း ဒေသခံအချို့က ပြောဆိုနေကြသည်။

“ပြည်သူ့စစ်ဆိုမှတော့ သူတို့ လက်အောက်ကပဲမလား။ အခုလိုပစ်တာ အကွက်ရွှေ့တာလား။ ဒါမှ မဟုတ် သူတို့ ဘက်က တိုက်ခိုက်မပေးလို့လား။ ဒါတော့ စဉ်းစားစရာပေါ့။ ကျနော်တို့ အထင်တော့ သူဘက်မပါလို့ လာပစ် တာလို့ ပဲထင်တယ်” ဟု ဖယ်ခုံ ဒေသခံ တစ်ဦးက ပြောသည်။

ကယန်းပြည်သူ့စစ်အဖွဲ့သည် ကယန်းပြည်သစ် တပ်မတော်မှ ၂၀၀၉ ခုနှစ် ကတည်းက ခွဲထွက်ပြီး ပြည်သူ့စစ် အဖွဲ့အစည်း အဖြစ် ရပ်တည်ခဲ့သော်လည်း ဒေသတွင်းတိုက်ပွဲများတွင် စစ်ကောင်စီနှင့် ပူးပေါင်းပါဝင် တိုက်ခိုက် ပေးခြင်းမျိုး မရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်က မှတ်ချက်ပြုပြောဆိုသည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...