စစ်ကောင်စီ၏ ကနဲလေးနှင့် မော်ခီးတပ်စခန်း တိုက်ခိုက်ခံရမှု တပ်ရင်းမှူးအပါအဝင် ၉ ဦးထိခိုက်သေဆုံး

စစ်ကောင်စီ၏ ကနဲလေးနှင့် မော်ခီးတပ်စခန်း တိုက်ခိုက်ခံရမှု တပ်ရင်းမှူးအပါအဝင် ၉ ဦးထိခိုက်သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ကနဲလေးနှင့် မော်ခီးတပ်စခန်းကို မေလ ၂၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တပ်ရင်မှူးအပါအဝင် ၉ ဦးထိခိုက်သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့- KNDO လုံခြုံရေးတပ်ရင်း ၈ မှ ဒုတိယဗိုလ်မှူးကြီး စောအယ်မြတ်ထူးက ပြောသည်။

အင်အား ၁၀၀ ခန့်ရှိသည့် ကနဲလေးနှင့် မော်ခီးတပ်စခန်းနှစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA (၂၀၁) တပ်ရင်း၊ KNDO တပ်ရင်း (၈) နှင့် Federal Wings Drone စသည့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ၉ ဦးထိခိုက်သေဆုံးသွားသည်ဟု မြေပြင်သတင်းမှ ကြားသိရကြောင်း ဒုတိယဗိုလ်မှူးကြီး စောအယ် မြတ်ထူးက ယခုကဲ့သို့ ပြောသည်။

၎င်းက “ကနဲလေးစခန်းကုန်းမှာ တပ်ရင်းမှူးအပါအဝင် ထိခိုက်ဒဏ်ရာရ တာရော သေတာကရော အားလုံး ၉ ယောက်ရှိတယ်။ ဒါပေမယ့် ဘယနှစ်ယောက်သေပြီး ဘယ်နှစ်ယောက်ဒဏ်ရာ ရတာလဲဆိုတာ အတိအကျ မသိ ရသေးဘူး။ မော်ခီး စခန်းမှာက ရွာသားတွေပြောတာတော့ ၅ ယောက်ဒဏ် ရာရတယ်။ ကနဲလေးစခန်းမှာ လူအင်အား ၆၀လောက်ရှိတယ်။ မော်ခီးမှာက ၄၀ လောက်ရှိမယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့နောက် ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့က စစ်ကောင်စီတပ်၏ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းနှင့် ကနဲလေး စခန်းတို့ကို တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း Federal Wings အဖွဲ့က ယနေ့တွင် သတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် စခန်းဝင်ရောက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပြန်လည် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် မော်ခီးစခန်းအနီးရှိ ပနွယ်ဖိုးကလိုး ကျေးရွာ ခရစ်ယာန်ဘုရား ရှိခိုး ကျောင်းလည်း ထိမှန်ပျက်စီးခဲ့သည်ဟု Federal Wings အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်ပြီး တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အသီးသီး ထုတ် ပြန်ထားခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာခြင်း မရှိသေးကြောင်း တွေ့ရ သည်။

ပြီးခဲ့သည့် ၂ လတာတိုက်ပွဲတွင်လည်း စစ်ကောင်စီ အရာရှိများအပါအဝင် (၁၁၄) ဦး သေဆုံးသွားခဲ့ပြီး (၁၂၉) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ (၁၁) ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို စစ်ကောင်စီ တပ်စခန်း (၃) ခုကိုလည်း သိမ်းပိုက် နိုင်ခဲ့ကြောင်း KNLA ၏ ကော်ဘရာ(Cobra) စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

အလားတူ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးသည့်နောက်ပိုင်းအတွင်း ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေ ဒေါန အရှေ့ဘက်ခြမ်း ရှိ KNLA တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကျော် ရှိကြောင်း လည်း KNLA တပ်ဖွဲ့၏ ပြုစုထားသည့် စာရင်းအရ သိရသည်။

အလားတူ စစ်ကောင်စီတပ်နှင့် KNLA၊ KNDOအပါအဝင် Federal Wings ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲနှင့်နီးစပ်သည့် အနီးအနားကျေးရွာများအတွင်းသို့ လက်နက် ကြီးရမ်း သမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်း တော်လှန်ရေး အင်အားစုများဘက်က ထုတ်ပြန် ပြောဆိုထား သည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...