ရခိုင်တွင် မိုခါမုန်တိုင်းကြောင့် ဆက်သွယ်ရေး အော်ပရေတာ မိုဘိုင်းစခန်း ၁၂၀၀ ကျော်အနက် ၉၀၀ ကျော် ပျက်စီးခဲ့

ရခိုင်တွင် မိုခါမုန်တိုင်းကြောင့် ဆက်သွယ်ရေး အော်ပရေတာ မိုဘိုင်းစခန်း ၁၂၀၀ ကျော်အနက် ၉၀၀ ကျော် ပျက်စီးခဲ့
မိုခါကြောင့် စစ်တွေရှိ ဆက်သွယ်ရေးတာဝါတိုင်ကြီး ကျိုးကျပျက်စီးသွားပုံ။
မိုခါကြောင့် စစ်တွေရှိ ဆက်သွယ်ရေးတာဝါတိုင်ကြီး ကျိုးကျပျက်စီးသွားပုံ။

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ဆက်သွယ်ရေး အော်ပရေတာ မိုဘိုင်းစခန်း ၁၂၀၀ ကျော်အနက် ၉၀၀ ကျော်ပျက်စီးသွားခဲ့သည်ဟု မေလ ၂၈ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် စစ်ကောင်စီ၏ ထုတ်ပြန် ချက်အရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးပေါ်ရေတာ စုစုပေါင်း လေးခု၏ မိုဘိုင်းစခန်း ၁၂၃၃ ခုရှိသည့်အနက် မုန် တိုင်းတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်ဟု ဆိုသည်။

ကျန်စခန်း ၃၂၉ ခုဖြင့်သာ ဝန်ဆောင်မှုပေးခဲ့ရာမှ မြေပေါ်မြေအောက် ဖိုင်ဘာကေဘယ်လ် ပြုပြင်ခြင်း၊ အချို့ သော မိုင်ခရိုဝေ့ဖ်ဆက်ကြောင်းများကို ဖိုင်ဘာဆက်ကြောင်းများဖြင့် ပြောင်းလဲချိတ်ဆက်ခြင်းနှင့် မိုဘိုင်း စခန်း ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ရာ မေ ၂၇ ရက်အထိ မိုဘိုင်းစခန်းစုစုပေါင်း ၇၆၈ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့ပြီဟု ဆက်လက်ဖော်ပြထားသည်။

မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေရှိ ဆက်သွယ်ရေး တာဝါတိုင်ကြီးမှာ ဆိုးဆိုးဝါးဝါး ပြိုလဲပျက်စီးသွားခဲ့ရပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ဆက်သွယ်ရေးလိုင်းများ လုံးဝ  ပြတ်တောက်သွားခဲ့ရခြင်း ဖြစ်သည်။

မုန်တိုင်းဒဏ်သင့် ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက “ကျနော်တို့ ပုဏ္ဏားကျွန်းမှာ MPT က အဆင်ပြေပါတယ်။ အင်တာနက်လိုင်းလည်း ရတယ်။ မုန်တိုင်းတိုက်ပြီးစမှာတော့ လိုင်းပြတ်သွားခဲ့တယ်” ဟု ပြောသည်။

စစ်တွေအပါအဝင် မုန်တိုင်းဒဏ်သင့် မြို့နယ်များရှိ ဆက်သွယ်ရေးတာဝါတိုင်များလည်း ပြိုလဲကာ ဖိုင်ဘာ ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်ခဲ့ရသည်။

သို့ရာတွင် မုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးခံခဲ့ရသည့် ကျောက်တော်မြို့တွင်ဆိုလျှင် မေလ ၁၅ ရက်မှစတင်ကာ MPT လိုင်းများ ပုံမှန် ရရှိခဲ့သော်လည်း ကျန်မြို့နယ်များတွင် MPT လိုင်း ဆက်သွယ်ရေးပြတ်တောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုက်ခတ်ခဲ့မှုကြောင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေ သည့်နေရာများ၌ MPT က Satellite Terminal ဟု ခေါ် သည့် ယာယီဂြိုဟ်တု ဆက်သွယ်ရေးစခန်းများ တည် ဆောက်ပေးထားသည်ဟု မေလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် Cell On Wheel ဟုခေါ်သည့် ရွေ့လျားမိုဘိုင်းစခန်းများဖြင့်လည်း လိုင်းများကို ချိတ်ဆက်ပေး ထားပြီး ဖိုင်ဘာဆက်သွယ်ရေးလိုင်းများကိုလည်း ပြန်လည် ပြင်ဆင်ပေးထားသည်ဟု MPT က ဆိုသည်။

လက်ရှိတွင် စစ်တွေမြို့အပါအဝင် မုန်တိုင်းသင့်မြို့နယ်အများစုတွင် မုန်တိုင်းတိုက်ပြီးနောက် ၁ ပတ်ခန့်အကြာ၌ MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အနည်းငယ် ပြန်လည်ရရှိနေပြီဟု ဒေသခံများက ပြောသည်။

မုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးခံခဲ့ရသည့် စစ်တွေမြို့တွင်ဆိုလျှင် မြို့တွင်း၌ MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အဆင်ပြေသော်လည်း မင်းဂံရပ်ကွက်၊ ဘုမေရပ်ကွက်တို့ အပါအဝင် မြို့ထဲဘက်နှင့် အနည်းငယ်အလှမ်း ဝေး သည့် ရပ်ကွက်များတွင် အဆင်မပြေသေးဟု ဒေသခံများက ပြောသည်။

စစ်တွေရှိ MPT လိုင်းမရသေးသည့် ရပ်ကွက်များတွင် Ooredoo နှင့် Telenor ဆင်းကတ်များ ဝယ်ယူသုံးစွဲနေ ကြရသည်ဟုလည်း စစ်တွေမြို့ခံများက ပြောကြသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...