ဖားကန့်တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြုလုပ်

ဖားကန့်တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြုလုပ်
by -
ဖနိဒါ
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ထောက်ခံပွဲကို ကချင်ပြည်နယ် ဖားကန့်မြို့ ဒေသခံများ အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည်။

ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဦးဆောင်၍ ရာနှင့်ချီသော ဒေသခံ လူထုက “အမေစုနှင့်အတူ” ဟူသော စာတမ်းများ ကိုင်ဆောင်၍ ဖားကန့်မြို့ မဏိဇေယုံ ဓမ္မာရုံမှ ငြိမ်းချမ်းစွာ ချီတက်၍ မှော်ဝမ်ကျောက်တိုင်ကွင်းထိ ငြိမ်းချမ်းစွာ လမ်းလျှောက်စီတန်းလှည့်လည် ခဲ့ကြသည်။

“ကျနော်တို့ ဒီမနက် ၉ နာရီကနေ အင်အားပြပြီးမှ ၁၀ နာရီခွဲမှာပြီးတယ်။ ကျနော်တို့က မဏိဇေရုံ ဓမ္မာရုံကနေ လမ်းလျှောက် ချီတက်ပြီးမှ ကျောက်တိုင်ကွင်းမှာ နိုင်ငံတော်သီချင်းဖွင့်ပြီးမှာ ရှမ်းအက၊ ဆင်အက၊ ဝိုင်းအကတွေနဲ့ ဖျော်ဖြေပြီးမှ ပြီးသွား တယ်”ဟု လုံးခင်းမြို့နယ် NLD ဥက္ကဌ ဦးလောခန်က ပြောသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားများအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်ကို ထောက်ခံအားပေးသောအားဖြင့် ထောက်ခံပွဲကျင်းပရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကုလသမဂ္ဂပေါ့။ ဒီရခိုင်အရေးနဲ့ ပတ်သက်ပြီးမှ ကျနော်တို့ မြန်မာနိုင်ငံကို ဖိအားပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးမှ အမေစုက မားမားမတ်မတ်နဲ့ ရပ်တည်တဲ့ဟာကို ကျနော်တို့ အမေစုနောက်ကနေ ထောက်ခံ ကြိုဆိုတာပေါ့”ဟု ဦးလောခန်က ပြောသည်။

လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင်လည်း ကချင်ပြည်နယ် မိုးကောင်းမြို့ ဒေသခံများက ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ ကျင်းပကြမည် ဖြစ်ကြောင်း ဦးလောခန်က ပြောသည်။

အောက်တိုဘာလ ၁၆ ရက်ကလည်း မြစ်ကြီးနားမြို့ ဗိုလ်ချုပ်အောင်ဆန်း ရင်ပြင်တွင်် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပြုလုပ်ခဲ့သည်။ အလားတူ ထောက်ခံပွဲကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး စသည့် မြို့ကြီးများတွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...