မောင်တောတွင် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားဆိုင်ရာလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေ

မောင်တောတွင် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားဆိုင်ရာလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေ
by -
မဇ္ဈိမ
ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ
ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ
မောင်တောဒေသအတွင်း နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NV Card နှင့် NID (Biometric) လုပ်ငန်းများ စတင် ကွင်းဆင်းဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ အောက်တိုဘာ ၂၀ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စရပ် များ၏ တစစိတ်တပိုင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာမှ ပြည်နယ်ဦးစီးမှူး ဦးစီး၍ အောက်တိုဘာ ၁၂ ရက် မှစပြီး နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card- NVC) များ ထုတ်ပေးနိုင်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့နယ်အတွင်းရှိ ရွှေဇားမြောက်ရွာ၊ ရွှေဇားအနောက်ရွာနှင့် ရွှေဇား အလယ်ရွာတို့မှ လူဦးရေ ၂၆၀၀ ကျော်အား NVC ကတ်များ ထုတ်ပေးနိုင်ရန် လဝက ဝန်ထမ်းများက ကျေးရွာသားများအား လက်ဗွေနှင့် မျက်လုံးတို့ကို စစ်ဆေးမှတ်တမ်းတင်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဒေသတွင် အောက်တိုဘာ ၁၇ ရက်အထိ NVC ကတ်ထုတ်ပေးမှုမှာ အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၂၇ ဦး၊ စုစုပေါင်း ၈၃ ဦးနှင့် NID အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၃၄ ဦး ၊ စုစုပေါင်း ၁၀၀ ဦး သို့ NVC ကတ် စိစစ်ထုတ်ပေးခဲ့သည်။

ထပ်မံ၍ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NVC ကတ်နှင့် NID (Biometric) လုပ်ငန်းများကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) ကိုလည်း အောက်တိုဘာလ ၁၇ ရက်က ဖွဲ့စည်းခဲ့သေးသည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...