မြစ်ကြီးနားမြို့တွင် လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုသူ ၁၀ ဦးကျော်ကို တရားစွဲဆိုထား

မြစ်ကြီးနားမြို့တွင် လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုသူ ၁၀ ဦးကျော်ကို တရားစွဲဆိုထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုသူ ၁၀ ဦးကျော်ကို သက်ဆိုင်ရာဌာနကနေ တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။

အကွက်ရိုက်ပြီး ရောင်းချသူတွေ မရှိအောင်နဲ့ ဝယ်ယူသူတွေ မရှိအောင် သက်ဆိုင်ရာ၊ ဝန်ကြီးဌာနနဲ့ ဌာနအဆင့် ဆင့်ကို တရားဝင် တားဆီး စာထုတ်ပြန်တာတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ပြောပါတယ်။

“လုံးဝမဖြစ်စေချင်ဘူး။ ရွာတိုင်း၊ ရပ်ကွက်တိုင်း လယ်တောတွေကို ဈေးရလို့ အကွက်ရိုက်ပြီး ရောင်းနေတာ နောက်ဆို စားဖို့ရှိတော့မှာ မဟုတ်ဘူး။ ဒါကိုတော့ အထူး ကာကွယ်တားဆီးနေတယ်” လို့ ဦးခက်ထိန်နန်က ဆိုပါ တယ်။

မြေဈေးတွေ ကောင်းလာတဲ့အတွက် ကချင်ပြည်နယ်အတွင်းရှိ မြို့တွေနဲ့ ရပ်ကွက်၊ ကျေးရွာတိုင်းလိုလိုက လယ် ယာမြေတွေကို လယ်ရှင်တွေသာမက ငွေကြေးရှင်တွေကပါ ဝယ်ယူကြပြီး အကွက်ရိုက် ရောင်းချမှုတွေ ပြုလုပ် နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် လမ်းညွှန်ချက်နဲ့ အညီ ပြည်နယ်အတွင်း လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့်၊ ဘယ်သူ့ကိုမှ မပေးထားဘူးလို့ ပြည်နယ်ကောင်စီ ဝန်ကြီးချုပ်က ဆိုပါတယ်။

“ကျွန်တော်တို့ အစိုးရလက်ထက်မှာတော့ ဘယ်သူ့ကိုမှ လယ်ကိုအခြားနည်းအသုံးပြုခွင့် မပေးဘူး။ တစ်ချို့က လည်း မရရင်လည်း လုပ်နေတဲ့ ဟာတွေရှိတယ်လေ။ နေရာအနှံ့လိုလို အကွက်ရိုက်နေကြတယ်။ အားလုံးကို တားထားတယ်။ ပြီးရင် သူတို့အားလုံးကိုလည်း တရားဥဒေနဲ့အညီ ထုတ်ပေးတာတစ်ခုမှမရှိဘူး” လို့ ဝန်ကြီး ချုပ်က ဆိုပါတယ်။

လယ်ကုန်း၊ ရမ်ပူ၊ ခေမာသီရိ၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ တပ်ကုန်း၊ စီတာပူ၊ မန်ခိန်၊ ရွှေစက်၊ ပလန စတဲ့ မြစ် ကြီးနားမြို့တွင်းရှိ ရပ်ကွက်အသီးသီးက လယ်မြေတွေကို အကွက်ရိုက်ပြီး ရောင်းချနေတာတွေကို တရားဝင် ခွင့် ပြုပေးထားတာ မရှိဘူးလို့ ဝန်ကြီးချုပ်က ဆက်လက်ပြောပါတယ်။

လယ်မြေတွေကို အကွက်ရိုက်ပြီး ရောင်းချသူတွေ၊ ဝယ်ယူပြီး မြေဖို့၊ အိမ်ဆောက်လုပ်နေကြတဲ့ သူတွေကို သက်ဆိုင်ရာ ဥပဒေနဲ့ အညီ တရားစွဲဆို အရေးယူသွားမှာ ဖြစ်တဲ့အတွက် ဆက်လက်မလုပ်ဆောင်ဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...