ဖားကန့်ဒေသတွင် လမ်းမပေါ် ပစ်သတ်ခံထားရတဲ့ လူသတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ဖားကန့်ဒေသတွင် လမ်းမပေါ် ပစ်သတ်ခံထားရတဲ့ လူသတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဧပြီလ နောက်ဆုံးအပတ်လောက်ကနေ လမ်းပေါ် မှာ ပစ်သတ်ခံရတဲ့ လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။

လမ်းပေါ်ပစ်သတ်ခံရတဲ့သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကို ခံရပြီး စစ်ကောင်စီတပ်သားတွေ ကိုယ် တိုင်ပစ်သတ်ပြီးတော့ လမ်းပေါ်မှာ လာရောက်ပစ်ထားခဲ့တာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြ ပါတယ်။

မရှီကထောင်ရပ်ကွက်မှာ မေလ ၉ ရက်နေ့၊ မနက် ၆ နာရီခန့်က ပစ်သတ်ခံထားရတဲ့ အမည်မသိအမျိုးသား တစ်ဦးအလောင်းကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မရှီကထောင်ရပ်ကွက် ရတနာဆင်သီရီကုမ္ပဏီအနီးမှာ အမည်မသိ အမျိုးသားအလောင်းကို တွေ့ခဲ့ရတာဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ကြည့်ရတာတော့ စစ်တပ်က လာပစ်သတ်ထားတာပဲ ဟုတ်မယ်။ အခုအချိန်က အဲဒီလိုလုပ်တာ ဘယ်သူမှ မရှိ ဘူးလေ” လို့ ဆိုပါတယ်။

လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာရပ်ကွက် မြန်မာ့ဟန် ဆီဆိုင်အနီးမှာရှိတဲ့ တံတားပေါ်မှာလည်း မေလ ၆ ရက်နေ့ က အမည်မသိအမျိုးသားနှစ်ဦး ပစ်သတ်ခံထားရပါတယ်။

သူတို့နှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတာဖြစ်ပြီး စုံစမ်းစစ်ဆေးပြီး လာရောက် ပစ်သတ်ထားခဲ့တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။

မေလ ၆ ရက်နေ့၊ မနက်က သေနတ်ပစ်သံကြားရပြီး တံတားပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုး သား အလောင်း နှစ်အလောင်းကို တွေ့ခဲ့ရတာဖြစ်တယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတွေရဲ့ ပြောကြားချက် အရသိရပါတယ်။

ဒါ့အပြင် မေလ ၅ ရက်နေ့ကလည်း အေးမြသာယာ ရပ်ကွက်မှာ အသက် ၂၀ ကျော်အရွယ် အမည်မသိ အမျိုး သားနှစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေပါတယ်။

မရှီကထောင်ရပ်ကွက် ကြိုးတံတားထိပ်မှာ မေလ ၁ ရက်နေ့ကလည်း မှော်ဝမ်းရပ်ကွက်နေ ကိုအောင်ကျော်ဦး ဆိုသူလည်း ပစ်သတ်ခံခဲ့ရပါတယ်။

ဧပြီလ ၂၄ ရက်နေ့ကလည်း မရှီကထောင်ရပ်ကွက်က Happy KTV အရှေ့မှာ PDF နှစ်ဦးကို စစ်ကောင်စီတပ်က လာရောက် ပစ်သတ်သွားခဲ့ပါတယ်။

အဲဒီလို အကြောင်းမဲ့ လူသတ်မှုတွေ ဖြစ်ပေါ်နေတာဟာ ဧပြီလ ၂၃ ရက်နေ့ညက Happy KTV မှာ စစ်ကောင်စီရဲ့ ဒု-ဗိုလ်မှူး အပါအဝင် ၅ ဦးကို အမည်မသိလူတစ်စုကနေ လာရောက်ပစ်သတ်သွားပြီး နောက်ပိုင်းကနေ ဖြစ်ပါ တယ်။

အခုလို လမ်းမတွေပေါ်မှာ ပစ်သတ်တဲ့ ဖြစ်စဉ်တွေဟာ စစ်ကောင်စီက သူတို့ဖမ်းဆီးထားသူတွေကို ပစ်သတ်ပြီး ပြည်သူလူထုကို ကြောက်လန့်အောင် လုပ်နေတာလို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် မြစ်ကြီးနားသတင်း ဂျာနယ် အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...