မုံးကိုးဘာသာရေးဆရာ ၂ ဦး အမှု အောက်တိုဘာလ ၂၇ ရက်နေ့ အမိန့်ချမည်

မုံးကိုးဘာသာရေးဆရာ ၂ ဦး အမှု အောက်တိုဘာလ ၂၇ ရက်နေ့ အမိန့်ချမည်
by -
မဇ္ဈိမ
ရှမ်းပြည်နယ် မုံးကိုးမြို့မှ သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို အောက်တိုဘာလ ၁၉ ရက်နေ့ လားရှိူးမြို့နယ် တရားရုံးသို့ အပြီးသတ် လျှောက်လဲချက်တင်လိုက်ပြီ ဖြစ်ကြောင်း သူတို့နှစ်ဦး၏ ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

တရားလိုဘက်မှ သက်သေ ၁၀ ဦး ထွက်ဆိုခဲ့ပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့က နောက်ဆုံး တရားခံပြ သက်သေအဖြစ် ဦးဒွမ်ဒေါ့နောင်လတ်၏ ဇနီး ဒေါ်လန်ဂျော်လုအား စစ်ဆေးခဲ့ပြီး ယနေ့တွင် နှစ်ဖက် အပြီးသတ် လျှောက်လဲချက် တင်လိုက်ကာ လာမည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

“အပြီးသတ်လျှောက်လိုက်ပြီ။ သူတို့ကတော့ ရေးသားချက် လျှောက်လဲချက်တင်တယ်။ ကျွန်တော်တို့ ဘက်ကတော့ ပြစ်မှု ထင်ရှား မတွေ့ဘူး။ တရားသေ လွှတ်ပေးဖို့ပဲ၊ ကျွန်တော်ကတော့ လွတ်ဖို့ပဲ မျှော်လင့်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို မတရားအသင်း ပုဒ်မ ၁၇/၁၊ ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ်မ ၈ တို့ဖြင့် တရားစွဲဆိုထားပြီး ဦးဒွမ်ဒေါ့နောင်လတ်ကိုမူ တပ်မတော်အား ဂုဏ်သရေ ညိုးနွမ်းစေမှုဆိုင်ရာ ဥပဒေ ပြန်ဆက် ပုဒ်မ ၅၀၀ တစ်မှု တိုးမြှင့် တရားစွဲထားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က မုံးကိုးမြို့ ဗျူဟာကုန်အနီးတွင် ပျောက်ဆုံးခဲ့ပြီးနောက် သူတို့နှစ်ဦးသည် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)အတွက် ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်း၊ လူသစ် စုဆောင်း ပေးခြင်းနှင့် မဟုတ်မမှန် လှုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထားသည်ဟု ဇန်နဝါရီလ ၁၉ ရက်နေ့ တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...