စစ်တွေ မြို့မ ဗလီကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ

စစ်တွေ မြို့မ ဗလီကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ

ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေရှိ သက်တမ်း ၁၀၀ ကျော်ရှိနေပြီ ဖြစ်သည့် ကိုလိုနီခေတ်လက်ရာ မြို့မဗလီ(ခ) ဂျမားဗလီကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်နေသည်ဟု အစ္စလာမ်ဘာသာဝင်များ က ပြောသည်။

ထိန်းသိမ်းစောင့်ရှောက်မှုကင်းမဲ့နေ၍  ဗလီကြီး၏ အစိတ်အပိုင်းတချို့ကိုလည်း ညောင်ပင်များက ဝါးမျိုနေသည် ကို တွေ့ရှိရကြောင်း မွတ်ဆလင်လူငယ်တစ်ဦး က ဆက်ပြောသည်။

“ဒီဗလီကြီးက နှစ်ပေါင်း တစ်ရာကျော်ရှိနေပါပြီ။ ကိုလိုနီ ဗြိတိသျှ အစိုးရခေတ် လက်ထက်ရာတွေအထဲက အစောဆုံး လက်ရာတစ်ခုလည်းဖြစ်ပါတယ်။ သမိုင်းဝင် အဆောက်အဦတစ်ခုဖြစ်ပါတယ်။ ဘာသာရေးအရ ခွဲ ခြားမထားဘဲ သမိုင်းနဲ့ ယဉ်ကျေးမှုအရ စဉ်းစားပြီး အစိုးရအနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ၎င်းဗလီကြီးတွင် ဝတ်ပြုခွင့် ပိတ်ပင်ထားပြီး ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများကို အစောင့်ချထား သော်လည်း မူးယစ်သမားများ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးများကို အသုံးပြုနေသည်ဟု အဆိုပါ မွတ်ဆလင်လူငယ်က ပြောသည်။

ထိုဗလီကြီးတွင် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းအတွင်းကပင် ဘုရားဝတ်ပြုခွင့်ကို ပိတ်ပင်ထားသည်ဟု ဆိုသည်။

ထိုသို့ ပိတ်ပင်ထားရာမှ ပြုပြင်စောင့်ရှောက် ထိန်းသိမ်းမည့်သူ မရှိ၍ ကိုလိုနီခေတ်လက်ရာ မြို့မဗလီ(ခ) ဂျမား ဗလီမှာ တစတစ ယိုယွင်းပျက်စီးလာနေသည်ဟု အစ္စလာမ်ဘာသာဝင်များက ပြောသည်။

အဆိုပါ ရှေးဟောင်းလက်ရာ မြို့မဗလီကြီးကို မိမိတို့ အစ္စလာမ်ဘာသာဝင်များက ထိန်းသိမ်းပြုပြင်ရန်အတွက် အစိုးရထံသို့ ခွင့်တောင်းမှုများရှိခဲ့သော်လည်း ယနေ့အချိန်ထိ ခွင့်ပြုချက် မရသေးဘူးဟု ဆိုသည်။

မွတ်ဆလင်လူငယ်က “ကျွန်တော်တို့ လူကြီးတွေက ပြုပြင်မယ်တောင်းတော့လည်း အစိုးရက ခွင်မပြုဘူး။ အစိုးရ ကိုယ်တိုင်လည်း  ပြုပြင် ထိန်းသိမ်းခြင်း မရှိဘူး။ ဒီအတိုင်းထားရင်  ဗလီအဆောက်အအုံကြီးက  ပြို ပျက်သွားပါလိမ့်မယ်” ဟု ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများနှင့် အစ္စလာမ်ဘာသာဝင်များအကြား အပြန်အလှန် နားလည်မှုနှင့်အတူ ဆက်ဆံရေးမှာလည်း ကောင်းမွန်လာပြီ ဖြစ်သဖြင့် အဆိုပါ ဗလီတွင် ဘုရားဝတ်ပြုခွင့် ရလိုကြောင်းလည်း ၎င်းက ပြောသည်။

စစ်တွေမြို့လယ်ရှိ နှစ်ပေါင်း ၁၆၀ ကျော်ရှိသည့် မြို့မဗလီ (ခ) ဂျမားဗလီကြီးကို လွန်ခဲ့သည့် ၁၈၅၉ ခုနှစ်က ဦးမိုဟာမတ်ဘောချ်နှင့် ဒေါ်အီလာဟီဂျာန်ဘိဂါမ်တို့ မောင်နှမနှစ်ဦးမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သမိုင်း မှတ်တမ်းများအရ သိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...