ကျေးရွာ ၁၂ ရွာက ရွှေကူစစ်ရှောင်များ တုပ်ကွေးဖြစ်၊ ဆေးဝါးအကူအညီ လိုအပ်

ကျေးရွာ ၁၂ ရွာက ရွှေကူစစ်ရှောင်များ တုပ်ကွေးဖြစ်၊ ဆေးဝါးအကူအညီ လိုအပ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကျေးရွာ ၁၂ ရွာက စစ်ဘေးရှောင်တွေ တုပ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ် လို့  ပြောပါတယ်။

ရာသီတုပ်ကွေး ဖြစ်ပွားချိန် မဟုတ်သေးပေမယ့် အသက် ၁၀ နှစ်အောက် ကလေးတွေကအစ တုပ်ကွေးဖြစ်ပွား နေပြီး အဓိက သောက်သုံးရေတွေကြောင့်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

ခြင်ကိုက်တာမျိုးတွေ မရှိပေမယ့် ငှက်ဖျားကအစ ဖြစ်ပွားနေတယ်လို့လည်း စီသောင်ကျေးရွာက တောတောင် ထဲ တိမ်းရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒေသခံအမျိုးသားက “ကူညီလို့ရတဲ့သူတွေကနေ ဆေးဝါးတွေလာပေး၊ ကူညီပေးတာတွေရှိရင်တော့ ကောင်း တာပေါ့” လို့ ပြောပါတယ်။

တောတောင်တွေထဲ တိမ်းရှောင်နေတဲ့ ဒေသခံ တစ်သောင်း (၁၀,၀၀၀) ကျော်ဟာ လက်ရှိမှာတော့ ဆေးဝါး အတွက် တောတွင်းတစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ဆေးပေးခန်းကိုသာ မှီခိုအားထားနေကြရပြီး ဆေးဝါး လုံ လောက်မှုတွေ မရှိကြဘူးလို့လည်း ဆိုပါတယ်။

ဆေးဝါးအကူအညီ မရရှိတဲ့အပြင် သွားရေးလာရေး ခက်ခဲမှုတွေကြောင့် ကုသဖို့ လက်လှမ်းမမီကြဘူးလို့လည်း တိမ်းရှောင်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခြေအနေကောင်းရင်တော့ မြို့ထဲကို လာဝယ်နိုင်တာတို့ လာပြနိုင်တာတို့တော့ ရတာပေါ့။ ဒါပေမယ့်လည်း လမ်းခရီးလည်း ကြောက်နေရတာဆိုတော့ ဘယ်အချိန်ဘယ်လို ဖြစ်လာမယ်လို့ ပြောလို့က မရတော့လေ” လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။

တိမ်းရှောင်နေကြတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ ကူညီထောက်ပံ့တဲ့ NGO အဖွဲ့အစည်းတွေ ရောက်ရှိတာမျိုး မရှိသေးတာကြောင့် ရပ်မိရပ်ဖတွေနဲ့ အသင်းတော်တွေဘက်ကနေ စားဝတ်နေရေးကိုသာ ဖြေရှင်း ပေးနေရပြီး ဆေးဝါးနဲ့ပတ်သက်လို့ လက်လှမ်းမမီနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

တိမ်းရှောင်နေကြတဲ့ ဒေသခံတွေအနေနဲ့ ကျေးရွာတွင်း ပြန်လည်ဝင်ရောက်နေထိုင်ဖို့ နေစရာအိမ်တွေ  မရှိတော့ တဲ့အတွက် ရွှေကူမြို့ပတ်ပတ်လည်က တောတောင်တွေထဲမှာ အဖွဲ့ခွဲပြီး နေထိုင်နေကြရတာပဲ ဖြစ်ပါ တယ်။

ရွှေကူမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တို့ စစ်ရေးတင်းမာနေပြီး မတ်လ ၂၃ ရက်နေ့က စတင်ပြီးတော့ ရွှေကူမြို့နယ်အတွင်းမှာရှိတဲ့ ငှက်တံတားကျေးရွာထဲကို စစ်ကောင်စီစစ်ကြောင်းတွေ အင်အား သုံး ဝင်ရောက်လာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲ့ဒီနောက် စစ်ကောင်စီကနေ မြေပြင်ထိုးစစ်အပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့ပြီး ရွှေကူမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေက လူနေအိမ်မြောက်အများကိုပါ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေဟာ လက်ရှိအချိန်ထိ နီးစပ်ရာဆွေးမျိုးတွေနဲ့ တောတောင်တွေဆီမှာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...