ဘူးသီးတောင်တွင် ဆောက်လုပ်ဆဲ မွတ်ဆလင် ဘာသာရေးအဆောက်အအုံ စစ်ကောင်စီတားမြစ်

ဘူးသီးတောင်တွင် ဆောက်လုပ်ဆဲ မွတ်ဆလင် ဘာသာရေးအဆောက်အအုံ စစ်ကောင်စီတားမြစ်
၂၀၂၁ ခုနှစ်က မီးလောင်သွားသည့် မီးကျောင်းဈေးကျေးရွာ ဘာသာရေးအဆောက်အအုံကို တွေ့ရစဉ်။
၂၀၂၁ ခုနှစ်က မီးလောင်သွားသည့် မီးကျောင်းဈေးကျေးရွာ ဘာသာရေးအဆောက်အအုံကို တွေ့ရစဉ်။

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာအုပ်စု၊ မီးကျောင်းဈေးကျေးရွာတွင် ဆောက်လုပ် နေသည့် မွတ်ဆလင်ဘာသာရေး အဆောက်အအုံကို ဆက်လက် ဆောင်လုပ်ခြင်းမပြုရန် စစ်ကောင်စီက တား မြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

ဘာသာရေးအဆောက်အအုံကို “တရားမဝင်ဆောက်လုပ်နေသည်” ဆိုပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက စာဖြင့်အကြောင်းကြာလာကြောင်း မီးကျောင်းဈေးကျေးရွာ မွတ်ဆလင်အကြီးအကဲတစ်ဦးက ပြော သည်။

“အခုဆောက်လုပ်နေတဲ့ကျောင်းကို အုတ်မြစ်ချပြီး အုတ်တိုင်လောက်ပဲ ထောင်ရသေးတယ်။ သူတို့ (မြို့နယ် ထွေ/အုပ်)ဆီက ခွင့်ပြုချက်ရမှပဲ ပြန်လည်ဆောက်လုပ်ရမယ်။ ကျနော်တို့က  ခရိုင်အုပ်ချုပ်ရေးမှူးဆီကိုတော့ စာတင်ထားပါတယ်” ဟု ၎င်းကပြောသည်။

မီးကျောင်းဈေးကျေးရွာရှိ မွတ်ဆလင်ဘာသာရေး အဆောက်အအုံမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ကျေးရွာအတွင်း မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ဝတ်ပြုရာတွင် အခက်အခဲများရှိနေ၍ အဆောက်အအုံ သစ် ဆောက်လုပ်နေခြင်းဖြစ်သည်ဟု မွတ်ဆလင်များက ပြောကြသည်။

“အဆောက်အအုံ သပ်သပ်ရပ်ရပ် မရှိတော့ ဖြစ်သလို ဝတ်ပြုရတယ်။ ဝတ်ပြုဖို့အတွက် ဘုရားကျောင်းရှိဖို့ လို တယ်။ အစိုးရအဖွဲ့ (စစ်ကောင်စီ) ဆီကို တင်ပြရင် ခွင့်ပြုချက်ရမှာ မဟုတ်တဲ့အတွက် အဆင်ပြေသလို လုပ် လိုက်တဲ့ သဘောထင်ပါတယ်” ဟု မီးကျောင်းစျေးကျေးရွာသား ဦးမောင်လေးက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကို DMG က ဆက်သွယ်မေးမြန်း ရာ “အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ စိစစ်နေတုန်းကာလမို့ ဘာမှ ပြောလို့မရသေးပါဘူး” ဟု ဖြေကြားခဲ့ သည်။

ထို့အပြင် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးထံ ဆက်သွယ်မေးမြန်းရာတွင်လည်း “ကျနော့်မှာပြောခွင့်မရှိ” ဟု တုန့်ပြန်သည်။

လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဧပြီလ ၃၀ ရက်နေ့ ရက်စွဲဖြင့် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး လက်မှတ်ရေး ထိုးထားသည့် အကြောင်းကြားစာတွင် - မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်း လှည့်လည် စစ်ဆေးချိန် တွင် မြို့အနောက်ရပ်ကွက်တွင် တရားမဝင်ဆောက်လုပ်ထားသည့် ဂိုဒေါင်/ဆိုင်ခန်းများကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း၊ ယင်းအပြင် ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာအုပ်စု၊ မီးကျောင်းဈေးကျေးရွာတွင် အာရ် ဗီစာသင်ကျောင်းအား ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဆောက်လုပ်နေမှုကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပါရှိသည်။

ထို့ကြောင့် မောင်တောမြို့တွင် တရားမဝင်ဆောက်လုပ်ထားသော ဂိုဒေါင်/ဆိုင်ခန်းများနှင့် ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာမှ အာရ်ဗီစာသင်ကျောင်းအား ကြပ်မတ်ဆောင်ရွက်သွားရန်ဟု မောင်တောခရိုင် အုပ် ချုပ်ရေးမှူးက အကြောင်းကြားစာတွင် ညွှန်ကြားထားသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်‌ကျေးရွာတချို့တွင် ဘာသာရေးအဆောက်အအုံများ၊ စာသင် ကျောင်းများနှင့် လူနေအိမ်များ မီးရှို့ခံရမှု၊ မီးလောင်ကျွမ်းမှုများ မကြာခဏဆိုသလို ဖြစ်ပွားနေသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...