ကျောင်းသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက် ALP ငြင်း

ကျောင်းသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက် ALP ငြင်း

စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့က ကျောင်းသားတစ်ဦးအား ဖမ်းဆီးချုပ်နှောင်ပြီး အဓမ္မ အလုပ်ခိုင်းစေခဲ့သည်ကို ပြင်း ပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက မေလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်တွေမြို့ မောလိပ် အထက (ခွဲ)တွင် ပညာသင်ယူနေသော Grade - 11 ကျောင်းသား၏ နေအိမ်သို့ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ALP တပ်ဖွဲ့ဝင် ခုနစ်ဦးရောက်ရှိလာပြီး ရုံးတွင်တိုင်ချက်ဖွင့်ထားသည်ဆိုသော အကြောင်းပြချက်ဖြင့် သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ ၁၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဆိုသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက “Grade – 11 ကျောင်းသားဆိုတာ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ပဲ ဖြစ်တယ်။ ဒီလို ၁၈ နှစ် မပြည့်သေးတဲ့ ကျောင်းသားတစ်ယောက်အပေါ်မှာ သူတို့ ကျူး လွန်တာဟာ ဥပဒေမဲ့လွန်းသလို ဆိုးဝါးတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ဒါကို ကျနော်တို့ ရှုတ်ချပါတယ်” ဟု ပြော သည်။

အပြစ် တစ်စုံတစ်ရာမရှိသော ကျောင်းသားကို အများပြည်သူရှေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ရာဇဝတ်မှုကျူးလွန်သူ အပြစ်သားကဲ့သို့ ခြေချင်းခတ်၊ ထိပ်တုံးဖြင့် ချုပ်နှောင်ခဲ့ပြီး အလုပ်ကြမ်းလုပ်ခိုင်းခြင်း၊ မိလ္လာကျင်းတူးခိုင်းခြင်း စသည်တို့ကိုလည်း ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ALP ၏ လုပ်ရပ်မှာ လူ့အခွင့်အရေးသာမက ကလေးသူငယ်အခွင့်အရေးကိုပါ လက်နက်အားကိုးဖြင့် ခြိမ်းခြောက် သည့် ကျူးလွန်မှုဖြစ်ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ALP တာဝန်ရှိသူက ငြင်းဆိုလိုက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက် မှာ တစ်ဖက်သတ် စွပ်စွဲချက်သာဖြစ်ကြောင်း ပြောသည်။

ALP ပါတီပြောရေးဆိုခွင့်ရှိသူ ခိုင်ဇော်မင်းသိန်းက “တကယ်အဖြစ်မှန်က အဲဒီကျောင်းသားကို ကျနော်တို့က ဖမ်း  ခေါ်တာ မဟုတ်ဘူး။ သူ့အမေကို အမွေကိစ္စတစ်ခုနဲ့ ကျနော်တို့က ညှိနှိုင်းဖို့ ခေါ်တဲ့အခါမှာ သူ့သားက အမေနဲ့ လိုက်လာခဲ့တာ။ ကျနော်တို့က သူ့ကို ပြန်လွှတ်တယ်။ ‘ဒီကိစ္စမင်းနဲ့မဆိုင်ဘူး မင်းအမေနဲ့ပဲဆိုင်တယ်’ ဆိုပြီး ကျနော်တို့က ပြန်လွှတ်ပါတယ်။ သူက ‘အမေမပါရင် မသွားဘူး’ ဆိုပြီး ဒီမှာနေခွင့်ပြုတာကို ကျနော်တို့က ဖမ်း ဆီးသွားတယ်ဆိုပြီး သူတို့က စွပ်စွဲထုတ်ပြန်တာပဲဖြစ်ပါတယ်” ဟု ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင်ကျောင်းသားနှင့် အုပ်ထိန်းသူမိသားစုဝင်များကို DMG က ဖုန်းဖြင့် ဆက် သွယ်ခဲ့ရာ လက်ခံဖြေကြားလိုခြင်း မရှိဘူးဟု ဆိုသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ/တပ်မတော် (ALP/ALA) သည် ဦးသိန်းစိန်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

နောက်ပိုင်းတွင် ခေါင်းဆောင်များအချင်းချင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ကာ စောမြရာဇာလင်း ဦးဆောင် သော အဖွဲ့က အမြင်မတူသူများကို ထုတ်ပယ်ပြီး ALP ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က လူမှုကွန်ယက်စာမျက်နှာ Facebook Page မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့သည် စစ်တွေမြို့၊ အေးသာယာလမ်း၊ စက်ရုံစုရပ်ကွက်တွင် ရုံးစိုက် ထားပြီး ငြိမ်းချမ်းရေးကိစ္စများနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် နေပြည်တော်တွင် သွားရောက်ဆွေးနွေးမှုများ ရှိနေသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...