မြန်မာတွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရမှု ဆက်တိုက်ရှိလာ

မြန်မာတွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရမှု ဆက်တိုက်ရှိလာ

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိနေပြီး မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ XBB.1.16 ရောဂါပိုး ကူးစက်ခံရသူ ၈ ဦးထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရသူ ၈ ဦးအနက် ၁ ဦးမှာ ပြည်ပမှ ပြန်လာသူဖြစ်ပြီး ကျန် ၇ ဦးမှာ ပြည်တွင်း ကူးစက်ခံရသူများဖြစ်သည်။ တစ်နိုင်ငံလုံးတွင် မေလ ၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာသစ် ၁၅၅ ဦးရှိသည် ထုတ်ပြန်ထားသည်။

ကိုဗစ်မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ XBB.1.16 ရောဂါပိုးမှာ ကူးစက်မှုနှုန်းမြန်ဆန်ကြောင်း ကျန်းမာရေး ဝန် ကြီးဌာနက သတိပေးထားသည်။

“အရင်ကူးစက်မှုထက် အဆ ၂၀ လောက် ပိုများတယ်။ WHO ကလည်း သေဆုံးနှုန်းပိုများနိုင်မယ်လို့ ခန့်မှန်း ထားတယ်။ ဒါကြောင့် အရေးကြီးဆုံးက Mask တပ်ပါ။ ဘာပဲကိုင်ကိုင် လက်ဆေးပါ။ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လက်ဆေးကြပါ” ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုးသစ်မှာ ရောဂါကာကွယ်ဆေး ထိုးနှံထားသူများမှာလည်း ရှိလာနိုင်ပြီး ကာ ကွယ်ဆေးထိုးထားလျှင် ရောဂါပြင်းထန်မှုကို ကာကွယ်နိုင်သဖြင့် ကာကွယ်ဆေးများကို ပြည်သူအားလုံးထိုးနှံ့ ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ရခိုင်ပြည်တွင် ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသူများကို ကျန်းမာရေးဌာနက မြို့ပေါ်/ရပ်ကွက်အလိုက် ထိုး ပေးနေသော်လည်း ပြည်သူများအနေဖြင့် ပေါ့လျော့စွာ နေထိုင်မှုများ ရှိနေကြသည်။

“ဈေးသွားရင်တော့ ကိုဗစ်ကာကွယ်ဆေး လာထိုးကြဖို့ ကပ်ထားတာတွေ့တယ်။ ဒါပေမယ့် ပြည်သူတွေက သိပ် ဂရုမစိုက်ကြတော့ဘူး။ အရင်ကဆိုရင်တော့ သွားထိုးကြတယ်။ အခုဆိုရင် သွားထိုးကြတာတွေလည်း သိပ် မတွေ့ရဘူး။ Mask လည်း သိပ်မတပ်ကြတော့ဘူး”ဟု စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ မအေးမိုးဝေ က ပြောသည်။

ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးနားချင်းနိုင်ငံအချို့တွင် အိုမီခရွန် ဗီဇပြောင်း မျိုးရိုးကွဲအသစ်များ လျင်မြန်စွာ ကူးစက် နေပြီး ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်နေမှုကြောင့် မြန်မာပြည်သူများအနေဖြင့်လည်း ဂရုစိုက်နေထိုင် ကြရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...