စစ်အာဏာသိမ်း ကာလအတွင်း KNU နယ်မြေထဲတွင် အမျိုးသမီး ၇၇ ဦးသေဆုံးခဲ့

စစ်အာဏာသိမ်း ကာလအတွင်း KNU နယ်မြေထဲတွင် အမျိုးသမီး ၇၇ ဦးသေဆုံးခဲ့

စစ်တပ်အာဏာသိမ်းကာလထဲ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေထဲတွင် သေဆုံးခဲ့သည့် အမျိုးသမီးဦးရေ ၇၇ ဦး ရှိသည် ဟု ကရင်အမျိုးသမီးအစည်းအရုံး Karen Women Organization-KWO ပြုစုထားသည့် စာရင်းအရ သိရသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သေဆုံးခဲ့ရသည့် အမျိုးသမီး ၇၇ ဦး၊ ထိခိုက်သူ ၁၉၅ ဦး၊ စုစုပေါင်း ၂၇၂ ဦးထဲတွင် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၂၇ ဦးပါဝင်သည်ဟု KWO ၏ စာရင်းတွင် ဖော်ပြထားသည်။

KWO အတွင်းရေးမှူးဖြစ်သူ နော်ကညောဖောက “ထိခိုက်သေဆုံးတဲ့အထဲမှာ ပြန်ကြည့်လိုက်ရင် စစ်တပ်ဘက်က လေယာဉ်နဲ့ လာပစ်တာပြီးတော့ သူတို့ရှိတဲ့ စခန်းကနေ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်တော့ ဒေသခံနေ တဲ့နေရာ လုပ်ကိုင်စားသောက်တဲ့ နေရာတွေမှာကျတော့ ထိခိုက်သေဆုံးတာဖြစ်တယ်။ အဲ့ဒီမှာရှိတဲ့ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေက ပိုခံစားရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ထိခိုက်သေဆုံးခဲ့သည့် အမျိုးသမီးများထဲတွင် စစ်ကောင်စီ၏ လေကြာင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု အရှိန်တိုးမြှင့်လာသည့် မူတြော်ခရိုင်၊ တပ်မဟာ ၅ နှင့် ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ အများဆုံး ဖြစ် ကာ ၂၀၂၃ ခုနှစ်ဆန်းပိုင်းတွင် ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နှင့် တောင်ငူခရိုင်၊ တပ်မဟာ ၂ တို့တွင် အမျိုး သမီးများ ထိခိုက်သေဆုံးမှုများလာသည် ဟု KWO က ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်များသည် အမျိုးသမီးများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ယူအသုံးပြုများလည်း ပိုမိုလုပ်ဆောင်လာသည် ကို တွေ့ရှိရသည်ဟု ပြောသည်။

ကေအဲန်ယူနယ်မြေအတွင်းရှိ အမျိုးသမီးများသည် ထိခိုက်သေဆုံးမှု ပိုများလာသည် မကဘဲ အမျိုးသမီး အခွင့် အရေး ချိုးဖောက်ခံရမှုလည်း ယခင်ထက် အဆမတန် ပိုမိုများလာသည်ကိုတွေ့ရှိရကြောင်းလည်း KWO က ဆက် ပြောသည်။

“စစ်အာဏာသိမ်းတဲ့ နောက်မှာ အမျိုးသမီးတွေက သေဆုံးမှုများလာတာ မကဘဲ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေ၊ ပြီးတော့ မွေးကင်းစ အမျိုးသမီးတွေဟာ လိုအပ်တဲ့ ဆေးဝါးကုသခွင့် ဆုံးရှုံးမှုများလာတယ်။ သူတို့တွေ ဟာ စစ်ဒဏ်ကြောင့် တိမ်းရှောင်ရတော့ သားသမီးအတွက် ပိုပြီးစဉ်းစားလာရတယ်။ ဒါကလည်း လူ့အခွင့် အရေး ချိုးဖောက်ခံ ရတာပေါ့။ အခုက စစ်အုပ်ချုပ်တဲ့အတွက် စစ်တပ်ဘက် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ပြန်ပြီးအရေး ယူတာတွေမရှိဘူး။ အဲ့ဒါကြောင့် သူတို့ကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် နိုင်ငံတကာ ဝိုင်းပြီး ဖိအားပေးမှရမယ်” ဟု နော်ကညောဖောက ပြောသည်။

ကရင်အမျိုးသမီး အစည်းအရုံး - KWO၏ ပြုစုထားသည့် စာရင်းအရ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ မှ စတင်၍ ၂၀၂၃ ခုနှစ်အထိ ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်သည့် နယ်မြေထဲတွင် သေဆုံးခဲ့ရသော အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၂၆၁ ဦးရှိကြောင်း ဖော်ပြထားသည်။

ထို့အတူ BWU (Burma Women Union) ၏ ထုတ်ပြန်ထားသည့် အမျိုးသမီးများဆိုင်ရာ အချက်အလက်အရ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၀၂၃ခုနှစ် ဧပြီလတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီးနှင့် သေဆုံး သည့် အမျိုးသမီး အရေအတွက် တဟုန်ထိုး တိုးလာသည်ဟု ဆိုသည်။



BWU (Burma Women Union) ၏ ထုတ်ပြန်ထားသည့် အမျိုးသမီးများဆိုင်ရာ အချက်အလက်အရ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီး ၃၃၉၀ ဦး၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၈၁၉ ဦးနှင့် သေဆုံးသူ ၅၁၃ ဦး ရှိကြောင်း ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကေအဲန်ယူ နယ်မြေအတွင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန် လာကာ အရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှုများလာသည့်အပြင် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရ သည့် စစ်ရှောင်ဦးရေလည်း ပိုမိုများလာသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် - KPSN၏ ထုတ်ပြန်ထားသည့် စာရင်းအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကေအဲန်ယူ နယ်မြေထဲတွင် စစ်ရှောင်ဦးရေ ၅ သိန်းကျော်ရှိ လာနေသည်ဟု စစ်ရှောင်များကို အကူအညီပေးသည့် အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...