ပြည်သူ့စစ်ခေါင်းဆောင်၏ မြို့တွင်း သဲကျောက်တူးသည့် လုပ်ငန်းကြောင့် အများပြည်သူသုံး ချောင်းရေ ပျက်စီးနေ

ပြည်သူ့စစ်ခေါင်းဆောင်၏ မြို့တွင်း သဲကျောက်တူးသည့် လုပ်ငန်းကြောင့် အများပြည်သူသုံး ချောင်းရေ ပျက်စီးနေ
ပူတာအိုမြို့အတွင်း စီးဆင်းနေသော နမ့်ထွမ်ချောင်း
ပူတာအိုမြို့အတွင်း စီးဆင်းနေသော နမ့်ထွမ်ချောင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်သူ့စစ်ခေါင်းဆောင် တန်ဂူးတန်သည် မြို့တွင်း၌ စီးဆင်းနေသည့် နမ့်ထွမ် ချောင်းထဲမှ သဲကျောက်များ တူးယူနေမှုကြောင့် ပူတာအိုမြို့ခံများ အသုံးပြုနေသည့် ချောင်းရေပျက်စီးမှု ဖြစ်နေ ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါချောင်းရေသည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နှင့် ကောင်ကထောင် ရပ်ကွက်ကြားရှိ ပူတာအိုမြို့တွင်း လမ်းမကြီးကို ဖြတ်သန်းစီးဆင်းနေသည့် ချောင်းဖြစ်ပြီး ‌ပြည်သူ့စစ်ခေါင်းဆောင် တန်ဂူးတန်သည် ပြီးခဲ့သည့် မတ်လ လဆန်းပိုင်းမှစကာ စတင်တူးယူနေကြောင်း ပူတာအိုမြို့ခံတစ်ဦးက KNG ကိုပြောသည်။

“အဲ့ချောင်းထဲက သဲတွေ၊ ကျောက်ခဲတွေကို တူးယူနေတာ ၂ လ ကျော်နေပြီဗျ။ လွန်ခဲ့တဲ့ ၃ လပိုင်းကတည်းက တူးနေတာ နေ့တိုင်းတူးတယ်။ ဘတ်ဖိုး ၂ စီးတခါတလေ ၃ စီးနဲ့ တူးတယ်။ သဲတွေ ကျောက်တွေကိုတော့ ကား တွေနဲ့ သယ်တာချောင်းထဲက သူတို့အဲ့လိုလုပ်နေတော့ ဒေသခံတွေက ချောင်းကိုသုံးလို့မရတော့ဘူးလေ။ အဲ့ ချောင်းက ပူတာအိုမြို့လယ်ခေါင် ကချောင်း အားလုံးက အသုံးပြုနေတာ” ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြော သည်။

အဆိုပါ နမ့်ထွမ်ချောင်းသည် ပူတာအိုမြို့လယ်ခေါင်မှ ဖြတ်သန်းစီးဆင်းနေသည့် ချောင်းဖြစ်ပြီး ချောင်းရေမှာ သန့်ရှင်းသောကြောင့် မြို့ပေါ်ရှိ လုံးစွတ်၊ ကောင်ကထောင်၊ လေယာဥ်ကွင်း၊ မြို့မ စသည့်ရပ်ကွက်များက ရေ ချိုး၊ အဝတ်လျှော်ကြသည့်အပြင် အချို့သော အိမ်များက ဒေသခံများသည် ခပ်ယူ အသုံးပြုနေသည့် ချောင်း လည်း ဖြစ်ကြောင်းသိရသည်။

“အခုလို နွေရာသီပိုင်းမှာဆိုရင် ပူတော့အားလုံးက အဲ့ချောင်းမှာပဲ ရေချိုးကြတာ။ ပြီးတော့ အခုရာသီက ပူတာ အိုမြို့ပေါ် အခြားရပ်ကွက်တေမှာ ရေသိပ်မရဘူးရေခမ်းတယ် အဲ့တော့ ဒီချောင်းက အိမ်မှာ ပန်းကန်ဆေး ဘာ ဆေး၊ ရေချိုးကစ ဒီကနေ သုံးဘီး၊ ဆိုင်ကယ်တွေနဲ့ခပ်ပြီးသုံးကြတာ အခုသူတို့ သဲကျောက်တွေတူးနေတော့ သုံးမရတာ နှစ်လကျော်လောက်ရှိနေပြီ” ဟု ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြော သည်။

ပူတာအိုမြို့ပေါ် အမြင့်ပိုင်းတွင်ကျသည့် လေယာဥ်ကွင်း၊ ကောင်ကထောင် စသည့်ရပ်ကွက်များတွင် ယခုကာလ ၌ တွင်းရေများ ရေခမ်းလျက်ရှိပြီး ရေအသုံးများသည့် မိသားစုများနဲ့ စားသောက်ဆိုင် လုပ်ငန်း လုပ်ကိုင်သူများ သည် အဆိုပါချောင်းရေကို အားထားနေရပြီး ယခုကဲ့သို့ သဲကျောက်တူးယူနေမှုကြောင့် အခက်အခဲ ဖြစ်နေ ကြောင်းလည်း သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင် တန်ဂူးတန်သည် အဆိုပါချောင်းထဲမှ တူးယူသည့် သဲကျောက်များကို ယင်းချောင်းအနီးတွင်ရှိသည့် Pettro 7 ဆီပန့်ဆိုင်ဖွင့်ထားသည့် ၃ ဧက ခန့်ကျယ်သော အိမ်ဝင်းထဲတွင် မြေဖို့နေနေပြီး ဘတ်ဖိုးယာဥ်၊ လိုတာ ၊မြေသယ်ကား စက်ယန္တားကြီးများ အစီး ၂၀ ခန့်ဖြင့် လုပ်ငန်းလုပ်ဆောင်နေသည်မှာ မတ်လ ကတည်းက ဖြစ်သည်ဟု သိရသည်။

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...