ပလက်ဝမြို့ပေါ်ရပ်ကွက် ၁ ခုကို စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်

ပလက်ဝမြို့ပေါ်ရပ်ကွက် ၁ ခုကို စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့ပေါ်ရပ်ကွက် ၁ ခုကို စစ်ကောင်စီက ညမထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

၎င်းရပ်ကွက်မှာ ပလက်ဝမြို့ပေါ်မှ ပလုတ်တောင်ရပ်ကွက်ဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ညမထွက် ရ အမိန့်ထုတ်ပြန်ထားခြင်းကို မသိရကြောင်း ပလက်ဝဒေသခံတစ်ဦး က ပြောသည်။

“ဒီလိုထုတ်ထားတာက ဝေဖန်စရာဖြစ်နေပါတယ်။ အဲဒီရပ်ကွက်တစ်ခုတည်းကိုပေါ့နော်။ ဘာပြဿနာ အကြောင်းအရင်းမှလည်း ဖြစ်တာမကြားဘဲနဲ့ ညမထွက်ရအမိန့်ထုတ်ထားတာပါ။ ဒါကြောင့် ပြည်သူတွေက လည်း မဆီမဆိုင်အဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်ကစပြီး ပလုတ်တောင်ရပ်ကွက်ကို ညနေ ၇ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ အမိန့်ထုတ်ပြန်ပြီးနောက်တွင် ပလုတ်တောင်ရပ်ကွက်ရှိ ရပ်တော်မူဘုရား တောင်ပေါ်တွင် တပ်စွဲလျက်ရှိ သည့် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက  ကုလားတန် မြစ်နံဘေးမှ စက်လှေများကိုလည်း စောင့် ကြည့်မှုများရှိနေကြောင်း သိရသည်။

ပလက်ဝမြို့တွင် ပြီးခဲ့သည့်တိုက်ပွဲကာလများက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်မှုများရှိခဲ့သော်လည်း လက်ရှိ တိုက်ပွဲများ ယာယီရပ်နားနေချိန်တွင် ညမထွက်ရအမိန့်ကို ပြန်လည်ပယ်ဖျက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပလက်ဝမြို့ပေါ်တွင် ပလုတ်တောင်ရပ်ကွက်တစ်ခုတည်းကိုသာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသဖြင့် ဒေသခံပြည်သူများအကြား ဝေဖန်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။

July 13, 2026
ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး...
July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...