SNLD ပါတီ အလံ နှင့် ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် ပြည်ထဲရေး ဖိအားပေးလာ

SNLD ပါတီ အလံ နှင့် ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် ပြည်ထဲရေး ဖိအားပေးလာ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ အလံများ ဖြုတ်သိမ်းရန် ပြည်ထဲရေးက ဖိအားပေး စေခိုင်းလာကြောင်း သတင်းသိရသည်။

ယခု ဧပြီလ နှောင်းပိုင်းကာလအတွင်းတွင် သျှမ်းပြည် ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ မိုင်းတုံမြို့၊ ပုံပါကျင် (မြို့နယ်ခွဲ) ၊ မိုင်းဆတ်မြို့ ၊ လင်းခေးမြို့၊ လွိုင်လင်မြို့ နှင့် ကချင်ပြည် ဝိုင်းမော်မြို့ တို့မှ ကျားခေါင်းပါတီ (SNLD) ပါတီ အလံနှင့် ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် ပြည်ထဲရေး လက်အောက်ခံ ထွေအုပ်၊ စစ်သားများနှင့် ရဲများက ဖိအားပေး စေခိုင်းလာကြောင်း သိရသည်။

ယင်းကဲ့သို့ ဖိအားပေးစေခိုင်းမှုတွင် လုပ်နည်းလုပ်စဥ် ဥပဒေများ အတိုင်းမဟုတ်ဘဲ လက်နက်အားကိုးဖြင့် အတင်း ဖိအားပေး စေခိုင်းမှုများ ရှိနေကြောင်း ပါတီ၏ အထွေထွေ အတွေးရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ပါတီက မှတ်ပုံတင် မတင်လို့ ဖျက်သိမ်းခံလို့ အလံတွေ ဆိုင်းဘုတ်တွေ ဖြုတ်ပေးရမယ် ဆိုတာ မှန်ပေမဲ့ သူတို့ဘက်က ပြန်တမ်းထုတ်ဖို့ လိုအပ်တယ်၊ အခုက ပြန်တမ်းတွေ ထုတ်ပြန်တာ မရှိဘဲနဲ့ ရဲတွေ၊ စစ်သားတွေ၊ ထွေအုပ်ရုံးကလူတွေ နဲ့ ပါတီဆိုင်းဘုတ် ၊ အလံတွေ ဖြုတ်ဖို့ ပြောလာတယ်၊ ဒါက ဥပဒေအတိုင်း လုပ်နည်း လုပ်ဟန် တွေမဟုတ်ဘူး” ဟု စိုင်းလိတ်က ဆိုသည်။

သျှမ်းပြည် မိုင်းတုံမြို့နယ်မှ ပုံပါကျင် (မြို့နယ်ခွဲ) ရှိ ကျားခေါင်းပါတီ SNLD ၏ ပါတီဆိုင်းဘုတ် နှင့် အလံများကို ဖြုတ်သိမ်းရန်အတွက် ထွေအုပ်ဝန်ထမ်း ၊ လက်နက်ကိုင် ရဲ နှင့် စစ်သားတို့က လာရောက်ပြောဆို ဖိအားပေးခဲ့ ကြောင်းလည်း သိရသည်။

လက်ရှိ ကျားခေါင်းပါတီ (SNLD) ပါတီအလံ နှင့် ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် ဖိအားပေးရန် ညွှန်ကြားလာမှုသည် ရွေးကောက်ပွဲ ကော်မရှင်မှ မဟုတ်ဘဲ ပြည်ထဲရေး လက်အောက်ခံ ထွေအုပ် နှင့် ရဲများ၊ စစ်သားများ သာ ဖြစ်ကြောင်းလည်း စိုင်းလိတ်က ဆက်ပြောသည်။

“ဒါက ပြည်ထဲရေး အလုပ်မဟုတ်ဘူး၊ ကော်မရှင်က လုပ်ရမှာ၊ ဒါပေမဲ့ ကော်မရှင်က အလုပ်မလုပ်တော့ ဒီလိုတွေ ဖြစ်ကုန်တာပေါ့၊ ကျနော် ပါတီရုံးရှိရာကို လက်နက်ကိုင်တွေ နဲ့ ဝင်လာပြီး ဒါမျိုးက မဖြစ်သင့်ပါဘူး၊ သိက္ခာကျတယ်၊ ဘေးပတ်ဝန်းကျင် အမြင်လည်း မကောင်းဘူးလေ” ဟု စိုင်းလိတ်က ဆက်ပြောသည်။

SNLD ပါတီဟာ စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံ နိုင်ငံရေး မှတ်ပုံတင်ခြင်း မလုပ်သည့် အတွက် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ပါတီဖျက်သိမ်းခံရကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် လာခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) သည် ပြီးခဲ့သည့် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။

ထို့အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့သည့် နိုင်ငံရေး ပါတီ တစ်ခုဖြစ်သည်။

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...