နန်းမားတွင် ဒလန်ဟုနာမည်ထွက်နေသည့် အမျိုးသားတစ်ဦးပစ်သတ်ခံရ

နန်းမားတွင် ဒလန်ဟုနာမည်ထွက်နေသည့် အမျိုးသားတစ်ဦးပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် စစ်ကေင်စီသတင်းပေး ဒလန်ဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

နန်းမားမြို့ အောင်မင်္ဂလာရပ်ကွက်နေထိုင်သူ အသက် ၃၀ နှစ်အရွယ်ရှိသူ ကိုသားငယ် ခေါ်သူ အမည်ရင်း(စုံစမ်းဆဲ) ဧပြီလ ၂၇ ရက်နေ့  အမည်မသိ အဖွဲ့အစည်းတစ်ခုမှ လူငယ် ၂ဦးက သေနတ်ဖြင့်ပစ်သတ်သွားကြောင်း နန်းမားမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“နေ့ခင်းဘက်ကြီးဖြစ်သွားတာ သူက ကားဂိတ် မှာအလုပ်လုပ်တယ်။ ကားလက်မှတ်ရောင်းတာပေါ့ နေ့လည် ၁၂ နာရီမှာ အိမ်ကို ထမင်းချိုင့် ယူပြန်တဲ့ချိန် နန်းမား ရထားဘူတာနားမှာပစ်သတ်ခံလိုက်ရတာ။သူက ဒလံဆိုပြီးနာမည်ထွက်နေတာ”ဟုပြောသည်။

ပစ်သတ်ခံရသည့် ကိုသားငယ်ဆိုသူသည် ဆိုင်ကယ်စီး၍ ၎င်းအိမ်နေအိမ်သို့ ပြန်လာစဥ် နောက်မှလိုက်လာ၍ပစ်သတ်သွားခြင်းဖြစ်သည်ဟုသိရသည်။

နန်းမားတွင် ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်းဖြစ်သူ ဦးတင်ညွန် သူဆိုသူလုပ်ကြံ့သတ်ဖြတ်ခံရပြီး ယင်းမတိုင်မှီကလည်း စစ်ကောင်စီနဲ့ပူးပေါင်းသည့် ဒလန်များပစ်သတ်ခံရမှုရှိခဲ့ဖူးသည်။

Most read this week

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...