ကန်ချနပူရီခရိုင် တောထဲ၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ကျော် အဖမ်းခံရ

ကန်ချနပူရီခရိုင် တောထဲ၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ကျော် အဖမ်းခံရ

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်ထဲသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂ ဦးတို့သည် ဧပြီ ၂၆ ရက် ညပိုင်းက တောထဲတွင် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ကန်ချနပူရီနယ်မြေ သတင်းဌာနတွင် ဖော်ပြချက်အရ ဖမ်းဆီးခံရသူများအထဲတွင် အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၅ ဦး စုစုပေါင်းပါဝင်သည်ဟုဆိုသည်။  

၎င်းရွှေ့ပြောင်းမြန်မာအလုပ်သမားတို့သည် မြန်မာနိုင်ငံဘက်အခြမ်းမှ တောလမ်းကနေ ဝင်ရောက်လာကြခြင်းဖြစ်ကာ ထိုင်းအာဏာပိုင်၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ကင်းလှည့်ရင်းကနေ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သူများနိုင်ငံတွင် အလုပ်ရရန် တောတောင်ထဲကနေ ခက်ခက်ခဲခဲနှင့်လာရခြင်းဖြစ်ပြီး ယခုလိုအဖမ်းခံရသည့် အတွက် စိတ်မကောင်းဖြစ်မိကြောင်း အလုပ်သမားရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

“အလုပ်ရဖို့ ဘယ်လိုနည်းလမ်းနဲ့ပဲလာရလာရ လာကြမှာပဲဗျ။ သူတို့တွေက တောထဲကနေ ဝင်လာကြ တာဖြစ်ပြီး လမ်းမှာ ဒုက္ခတွေရင်ဆိုင်ရင်းနဲ့ လာကြသူတွေဖြစ်တော့ ကိုယ့်မြန်မာလူမျိုးတွေအတွက် စိတ်မကောင်း ဖြစ်မိတယ်”ဟု ပြောသည်။

၎င်းတို့သည် ရခိုင်၊ ရန်ကုန်၊ ပဲခူးနှင့် မော်လမြိုင် စသည့်ဒေသများမှ လာရောက်ကြသူများဖြစ်ပြီး ထိုင်း နိုင်ငံ ဘန်ကောက်၊ စမွတ်ဆာခေါ၊ ရယောင်း၊ ကန်ချနဘူရီဒေသများတွင် သွားရောက်အလုပ်လုပ်ကိုင် မည်ဖြစ်ကြောင်း စစ်ဆေးမေးမြန်းချက်အရ သိရသည်။

ဖမ်းမိသူများကို သက်ဆိုင်ရာရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဥပဒေအတိုင်းဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားသည်။

ဧပြီလအတွင်း ထိုင်းနိုင်ငံထဲ၌ ဖမ်းဆီးခံလိုက်ရသည့် တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၅၀ ခန့် ရှိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်များကို စာရင်းပြုစုထားချက်အရ သိရ သည်။

ဓာတ်ပုံ - Crd
September 21, 2026
ရခိုင်/အာရက္ခပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု...
September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...