မူဆယ် လုံထန်ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ

မူဆယ် လုံထန်ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည် မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ် ယနေ့ (ဧပြီ ၂၇) ရက် နံနက် ၈ နာရီတွင် မင်းထိပ်ခေါင် လက်ဖက်ရည်ဆိုင်တွင် စားသောက်နေသည့် လုံထန်ပြည်သူ့စစ် အဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။

ယနေ့ မူဆယ်မြို့ စက်မှုနယ်မြေ မင်းထိပ်ခေါင် လက်ဖက်ရည်ဆိုင်အတွင်း လုံထန်ပြည်သူ့စစ် တစ်ဦးသည် စားသောက်ပြီး အမ်းငွေစောင့်ဆိုင်းနေစဥ် အမည်မသိ လက်နက်ကိုင် အမျိုးသားတစ်ဦးက လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ သူ (လုံထန် ပြည်သူ့စစ်) အနောက်ကနေ ပြီးတော့ လာပစ်သွားတာ။ ဘယ်သူလဲတော့ မသိဘူး။ ပစ္စည်းလာဝယ်သလိုလိုနဲ့ လာပစ်သွားတာ။ သူ့ ဦးခေါင်းအနောက်ဘက်ကို ပစ်သွားတာ။ အဲ့နားမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာ ” ဟု သေဆုံးသွားသည့် ပြည်သူ့စစ်၏ အမျိုးသမီးက ပြောသည်။

အဆိုပါ သေဆုံးသွားသည့် ပြည်သူ့စစ်သည် လုံထန်ပြည်သူ့စစ်ထဲတွင် အရာရှိတစ်ဦးဖြစ်ကြောင်း ယခုကဲ့သို့ လုံခြုံမှုမရှိ ပစ်ခတ်မှုများရှိနေသည့်အတွက် ဒေသခံပြည်သူများက စိုးရိမ်စိတ်ဖြင့် နေထိုင်နေရသည်။

“ ပြည်သူ့စစ်ထဲကတော့ မှန်ပါတယ်။ အရာရှိပိုင်းပဲသူက။ တပ်ခွဲမှူး၊ တပ်စုမှူးလားတော့ သေချာမသိဘူး။ အခုလို နိုင်ငံရေးမကောင်း သေနတ်တွေကိုင်ပြီး သွားလာနေတာရှိတော့ ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်ရတာပေါ့။ အသွားအလာ ဆင်ခြေရတယ်။ ကိုယ်နဲ့ မသိတဲ့သူတွေဆိုရင်လည်း သိပ်ရောမနေဘူး” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ သေဆုံးသွားသည့် ပြည်သူ့စစ်၏ အမျိုးသမီးကလည်း “ စိတ်မကောင်းဖြစ်တာကလွဲပြီးတော့ ဘာမှ မပြောချင်တော့ပါဘူး။ အဲ့လိုမထင်မှတ်ဘဲ ဖြစ်သွားတာကို ရူးမတတ် ခံစားရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့ သိန်းသန်းချီကားကွင်းတွင် လုံခြုံရေးယူထားသည့် ပြည်သူ့စစ်ဂိတ်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာတွင် ၂ ဦး သေဆုံးသွားပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...