စစ်ကောင်စီတပ်စခန်း ၄ ခုကို KNLA ပူးပေါင်းတပ် တပြိုင်ထဲ ဝင်တိုက်၊ စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် ၁၆ ဦး သေဆုံး

စစ်ကောင်စီတပ်စခန်း ၄ ခုကို KNLA ပူးပေါင်းတပ် တပြိုင်ထဲ ဝင်တိုက်၊ စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် ၁၆ ဦး သေဆုံး

ညောင်လေးပင် — KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို မနေ့ဧပြီ(၂၂)ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃)ပူး ပေါင်းအဖွဲ့က တပြိုင်ထဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအဆင့် အပါအဝင် (၁၆)ဦးသေဆုံးခဲ့ပြီး တပ်စခန်း(၂)ခုကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU က ထုတ် ပြန်ပါတယ်။

မနေ့ ဧပြီ(၂၂)ရက်နေ့ မနက်(၄)နာရီခွဲကနေ (၅)နာရီခွဲအတွင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)အုပ်ချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနဲ့ ကျောက်ကြီးမြို့နယ်ထဲက ညောင်ကုန်းစခန်း၊ ကျွန်းကုန်းစခန်းတွေကို KNLA တပ်မဟာ(၃)ပူးပေါင်းအဖွဲ့က တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုအတွင်း ကျောက်ကြီးမြို့နယ်ရှိ ညောင်ကုန်းစခန်းနဲ့ ကျွန်းကုန်းစခန်းတွေကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်တွေ သိမ်းဆည်းရခဲ့ကာ မုန်းမြို့နယ်က နောင်ကုန်းစခန်းနဲ့ ရန်မျိုးအောင်စခန်းတွေကိုတော့ တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘဲ ဖျက်ဆီးနိုင်ခြင်း မရှိတဲ့ အကြောင်းရင်းမှာ စစ်ကောင်စီတွေက စခန်းအတွင်းမနေဘဲ အပြင်ဘက်ကို ပုန်းရှောင် နေထိုင်ခြင်းကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

KNLA တပ်မဟာ(၃)ပူးပေါင်းအဖွဲ့က တပ်စခန်းတွေကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးနိုင်ပြီး ပြန်လည်ထွက်သွားတဲ့ အချိန်မှသာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာ လေယာဉ်တွေက ရောက်ရှိလာပြီး မနက်(၇)နာရီနဲ့ (၈)နာရီ မိနစ်(၅၀)အချိန်ကြားမှာ ကျောက်ကြီးမြို့နယ်က ညောင်တန်း၊ ညောင်ကုန်းနဲ့ နရွဲပင်ရွာကြားမှာ ဗုံးကြဲပစ်ခတ် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က (၁၆)ဦးသေဆုံးပြီး (၁၇)ဦး ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးသူတွေထဲမှာ ဒုတပ်ရင်းမှူးတစ်ဦး ပါဝင်သလို KNLA တပ်မဟာ(၃)ပူးပေါင်း အဖွဲ့က (၁)ဦးကျဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပြောဆိုထား ပါတယ်။

တပ်စခန်းတွေ တိုက်ခိုက်ချေမှုန်းဖျက်ဆီးခံနေရပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် တာတွေ လုပ်ဆောင်နေတဲ့အတွက်ကြောင့် KNU ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်အတွင်းက ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး တိမ်းရှောင်ထွက် ပြေးနေရတဲ့ စစ်ဘေးရှောင်အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ KNU က ထုတ် ပြန်ပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...