ရခိုင်တွင် အစ္စလာမ်ဘာသာဝင်များ၏ အိဒ်ပွဲတော်ကျင်းပ(ဘာသာခြားမိတ်ဆွေအပေါင်းအသင်းများလည်း ပါဝင်ဆင်နွှဲနေကြဟုသိရ)

ရခိုင်တွင် အစ္စလာမ်ဘာသာဝင်များ၏ အိဒ်ပွဲတော်ကျင်းပ(ဘာသာခြားမိတ်ဆွေအပေါင်းအသင်းများလည်း ပါဝင်ဆင်နွှဲနေကြဟုသိရ)

အစ္စလာမ်ဘာသာဝင်များ၏ အိဒ်ပွဲတော်ကို ယနေ့တွင် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အစ္စလာမ်ဘာသာဝင်များအနေဖြင့် ကျင်းပနေကြောင်း သတင်းရရှိသည်။

ရခိုင်တွင်ပြုလုပ်သည့်အဆိုပါပွဲတော်တွင်လည်း ဘာသာခြားမိတ်ဆွေအပေါင်းအသင်းများပါ ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိသည်။

အစ္စလာမ်ဘာသာဝင်များ၏ ရာမာဒန် ဥပုသ်လပြီးမြောက်သည့် ယနေ့ ဧပြီလ ၂၂ ရက်ကို အိဒ်နေ့အဖြစ်သတ်မှတ်ပြီး ဥပုသ်လတစ်လပြီးမြောက်သည့်အနေဖြင့် နံနက်ပိုင်းတွင် သက်ဆိုင်ရာ ဗလီများ၌ ဝတ်ပြုကြသည့်အပြင် ပျော်ပွဲရွှင်ပွဲများဖြင့်ပါ ဆင်နွှဲနေကြသည်ဟု သိသည်။

အဆိုပါပွဲတော်သို့ ခင်မင်ရင်းနှီးသည့်မိတ်ဆွေများကို မုန့်အချိုပွဲများ ပေးကမ်းခြင်းနှင့် လူကြီးမိဘများထံမှ အီတီ(မုန့်ဖိုး)တောင်းခြင်း၊ အမျိုးလည်ခြင်းများပြုလုပ်ကာ ဆင်နွှဲတတ်ကြောင်း သိရသည်။

အဆိုပါအိဒ်ပွဲတော်ကို ရခိုင်မှအစ္စလာမ်ဘာသာဝင်များသည်လည်း သူငယ်ချင်း အပေါင်းအသင်းများနှင့် အတူ ဆင်နွှဲကာ ဘာသာခြားမိတ်ဆွေများကိုလည်း အစ္စလာမ်ရိုးရာမုန့်အချိုများ ပြုလုပ် ကျွေးမွေးကာ ဆင်နွှဲနေကြောင်း သိရသည်။

ရာမာဒန်ဥပုသ်လသည် အစ္စလာမ်ဘာသာဝင်များ၏ ကြီးမြတ်သည့်လဖြစ်ပြီး ထိုလတစ်လအတွင်း နံနက်နေထွက်ချိန်မှ ညနေ နေဝင်ချိန်အထိ သက်ဆိုင်ရာဒေသအလိုက် သတ်မှတ်ထားသည့် အချိန်အတိုင်း ရေအပါအဝင် မည်သည့်အစားအသောက်မျှမစားဘဲ ဥပုသ်စောင့်ကြရသည်ဟု သိရသည်။

ညနေဥပုသ်စောင့်ပြီး တစ်လအကြာ လမြင်ရသည့်နေ့တွင်  ဥပုသ်သီတင်းလ ကုန်ဆုံးပြီး ပုံမှန်အတိုင်း အစာအာဟာရများကို နေ့စဉ် မှီဝဲ စားသုံးရကြတော့ကြောင်း သိရသည်။

ဓာတ်ပုံ - Crd
September 21, 2026
ရခိုင်/အာရက္ခပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု...
September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...