ဖားကန့်မြို့က KTV မှာ စစ်ကောင်စီဒုတပ်ရင်းမှူးနဲ့ အပေါင်းအပါ ကျောက်လုပ်ငန်းရှင်(၄) ဦး ပစ်ခတ်ခံရ

ဖားကန့်မြို့က KTV မှာ စစ်ကောင်စီဒုတပ်ရင်းမှူးနဲ့ အပေါင်းအပါ ကျောက်လုပ်ငန်းရှင်(၄) ဦး ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့က KTV တစ်ခုမှာ စစ်ကောင်စီ တပ်မ - ၃၃ လက်အောက်ခံ ဒုတပ်ရင်းမှူးဗိုလ်မှူးဇော်မောင်အပါအဝင် ကျောက်လုပ်ငန်းရှင်(၄) ဦးပစ်ခတ်ခံခဲ့ ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဧပြီလ(၂၃) ရက်နေ့ မနက်အစောပိုင်းက Happy KTV မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး (၅) ဦးလုံး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ လုံခြုံရေးတိုးမြှင့်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့က Happy KTV မှာ ပစ်သတ်ခံခဲ့ရသူဟာ စစ်တက္ကသိုလ် အပတ်စဉ် - ၄၇ဆင်း ဗိုလ်မှူး ဇော်မောင်ဖြစ်တယ်လို့ ပြောဆိုတာတွေရှိနေပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

ဒါ့အပြင် ကျောက်လုပ်ငန်းရှင် (၄) ဦးဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ ကိုလည်း စစ်ကောင်စီ ဘက်က ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီက ဖားကန့်မြို့နယ်ထဲက ဒေသခံ (၁၀၀) ကျော်ကို ဖမ်းဆီး ပြီးနောက် လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသလို စစ်လက်နက်ပစ္စည်းတွေကိုသယ်ခိုင်းတာတွေ လည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

September 1, 2026
၁၀ ရက်နီးပါးကြာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်ရှိ...
August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...
August 31, 2026
မွန်ပြည်တွင် စီးပွားရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA ၊ PC နှင့် BGF တို့သည်...
ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...