ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများကို စစ်ကောင်စီက စတင်စစ်ဆေး

ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများကို စစ်ကောင်စီက စတင်စစ်ဆေး

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်မှုရှိ၊မရှိ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

ဧပြီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကို စစ်ဆေးခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ တစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၀ ခုရှိသည့်ထဲမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ပထမဆုံးအဖြစ် ခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီပြင်ဆင်နေသည့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်မှ ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ - စုစုပေါင်း ပါတီ ၆ ခု မှတ်ပုံတင်ထားသည်။

မြိုတိုင်းရင်းသားပါတီ ဥက္ကဌ ဦးအေးထွန်းက “ကျနော်တို့ကိုတော့ စစ်ဆေးဖို့အတွက် အကြောင်းကြားလာတာ မရှိသေးပါဘူး။ အရင်ရွေးကောက်ပွဲတုန်းကဆိုရင် ပါတီရုံးခန်းဖွင့်လှစ်ခြင်းရှိ၊ မရှိ။ ပါတီရန်ပုံငွေကိစ္စတွေကို စစ်ဆေးဖို့အတွက် အရင်အကြောင်းကြားတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စာရွက်စာတန်းများကို စိစစ်နေဆဲဖြစ်ပြီး စစ်ဆေးချက်အတည်ပြုပြီးပါက ဥပဒေနှင့်အညီဆောင်ရွက်မှုရှိ၊ မရှိကို စစ်ဆေးသွားဖြစ်မည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

“ရခိုင်ပြည်က မှတ်ပုံတင်ထားတဲ့ပါတီတွေကို စစ်ဆေးဖို့အတွက် အကြောင်းကြားထားတာ မရှိသေးဘူး။ အခုလက်ရှိမှာတော့ သူတို့(ပါတီတွေ)တင်ထားတဲ့ စာရွက်စာတန်းတွေကို စိစစ်ဆေးနေဆဲပဲရှိသေးတယ်။ အဲဒီအချက်အလက်တွေကို အတည်ပြုပြီးတော့မှ ခိုင်းထားတဲ့ကိစ္စတွေ လုပ်၊ မလုပ်ဆိုတာ စစ်ဆေးမှာ”ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲပြုလုပ်မည့်အချိန်ကို ကြေညာခြင်းမရှိသေးသော်လည် လက်ရှိမှာ ပြည်သူများက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးနေပြီး ဆန့်ကျင်ဆန္ဒဖော်ထတ်မှုတစ်ချို့ ရှိနေသည်။

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ ရွေးကောက်ပွဲဖြစ်နိုင်ခြေနည်းပါးပြီး ပြည်သူများကလည်း ရွေးကောက်ပွဲကို ဆက်ပြီးဆန့်ကျင်မည့် အနေအထားရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

ပုံစာ - USDP ပါတီသည် စစ်ကောင်စီက ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ပြုလိုက်သည့် ပထမဆုံးပါတီဖြစ်သည်။

စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...