ခင်ဦးမြို့နယ် အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံ ၉,၀၀၀ ခန့် စစ်ရှောင်နေရ

ခင်ဦးမြို့နယ် အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံ ၉,၀၀၀ ခန့် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စတင်၍ စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာနေပြည်သူ ဦးရေ ၉,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

“ စစ်တပ်က ကလေး ၊ လူကြီး မရွေး သတ်ဖြတ်နေတာ ဆိုတော့ စစ်ကြောင်းထိုးလာပြီဆို လွတ်အောင်ကို ရှောင်နေရတာပါ။ နေပူ ကျဲကျဲ ကြီးထဲမှာ ပြေးနေရတာ ဆိုတော့ ချွေးထွက်လွန်ပြီး သတိလစ် မေ့မျောသွားတဲ့ သူတွေ ရှိတယ်။ အပူတွေတတ်ပြီး ပါးစိတွေ ယောင်တဲ့သူက ယောင်၊ ကျန်းမာရေး အခက်အခဲကတော့ တော်တော်လေး စိုးရိမ်နေရတယ်” ဟု လုံခြုံရေး အရ ဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ စစ်ရှောင်များထဲမှ အင်းပတ်ကျေးရွာနေ အဘွား ဒေါ်ပုစိန်(၈၁) နှစ် သည် ယမန်နေ့ ညနေပိုင်း ၃ နာရီ အချိန်တွင် နေပူဒဏ်ကြောင့် မူးဝေ ပြီးသတိလစ်မေ့မြောကာ သေဆုံးခဲ့ကြောင်း အခြားဒေသခံ တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် အင်းပတ်၊ မြင်းဒေါင်း ၊ အင်တိုင်းလေး ၊သရက်ပင်စု ၊မကျီးအုပ် ၊မရမ်းအင်း ၊ ကုန်းသာ စတဲ့ ကျေးရွာများမှ လူဦးရေ ၉,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရပါသည်။

ထို့အပြင် ခင်ဦးမြို့နယ် အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဧပြီလ ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ကြာပင်တိုင် ကျေးရွာ ရှိ စာသင်ကျောင်း နှင့် နေအိမ်တစ်ချို့ကို မီးရှို့ဖျက်ဆီးးခဲ့ကြောင်းသိရသည်။

မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...