ရွှေကူ၊ ဇင်းဘုံရွာရှိ စစ်အုပ်စုတပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်

ရွှေကူ၊ ဇင်းဘုံရွာရှိ စစ်အုပ်စုတပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)

ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း KIO/KIA ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “စကစ စစ်ကြောင်းတွေက ဇင်းဘုံရွာမှာ သူတို့က လုံခြုံရေးချထားပြီးမှ သူတို့ စစ်ကြောင်းတွေ ထိုင်နေတဲ့နေရာဖြစ်ပါတယ်။ အဲ့ဒီသူတို့ရဲ့ စစ်ကြောင်းစခန်းတွေကို မနေ့ကပေါ့။ ၃၀ ရက် နေ့မှာ KIA နဲ့ပူးပေါင်းတပ်တွေကတော့ အဲ့ဒီသူတို့ရဲ့ ခြေကုပ်စခန်းကို ထိုးစစ်ဆင်ပြီးမှ သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားပြီး ဒဏ်ရာရရှိသူများကို ရွှေကူမြို့မှ တစ်ဆင့် ရဟတ်ယာဉ်ဖြင့် နေပြည်တော်ဘက်သို့ သယ်ဆောင်သွားကြောင်း ကြားသိရသည်ဟုလည်း ၎င်းက ဆိုသည်။

သို့သော် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေများနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်အုပ်စုတပ်က ဇင်းဘုံကျေးရွာသို့ စစ်ကြောင်းပြန်ထိုးကာ စစ်ဆင်ရေးလုပ်ဆောင်လာသဖြင့် KIA ပူးပေါင်းတပ်များနှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုတပ် စစ်ကြောင်းများ ရွှေကူဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ရွှေကူမြို့မှ တက်သွားပါက ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျဉ်းရှိပြီး ဇင်းဘုံကျေးရွာသည် အဆိုပါ ဒုတိယမြစ် ကျဉ်းမရောက်မီတွင် တည်ရှိကာ ဧရာဝတီ ဒုတိယမြစ်ကျဉ်း၏ လုံခြုံရေးယူရန် အရေးကြီးသည့် နေရာတစ်ခု ဖြစ်သည်။

လက်ရှိတွင် မန္တလေးမှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောများသည် လွန်ခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့ကတည်းက ရွှေကူမြို့နယ်အတွင်း ရောက်ရှိရပ်တန့်နေ သည်။

စစ်အုပ်စုတပ်အနေဖြင့် ၎င်းတို့၏ စစ်သင်္ဘောများ ဗန်းမော်ဘက်သို့ ဆက်လက်ထွက်ခွာနိုင်ရေး လမ်းရှင်းသည့် အနေဖြင့် ကုန်းလမ်းမှ ထိုးစစ်ဆင်မှုများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်နေသဖြင့် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ စစ်အုပ်စုတပ် စစ်သင်္ဘောများသည် လမ်းခရီးတစ်လျှောက် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး ၎င်းတို့အနက် တွန်းသင်္ဘောတစ်စီးကိုလည်း KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...