ဘီးလင်းမြို့နယ် အလူးလေးကျေးရွာဒေသခံ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရ

ဘီးလင်းမြို့နယ် အလူးလေးကျေးရွာဒေသခံ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးအ ဆက်မပြတ် ပစ်ခတ်နေတာကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၁၉ ရက်နေ့ မနက် ၁၁ နာရီကစပြီး ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာ ဘုရားကုန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ အလူးလေးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ လက်နက်ကြီး ၆၀ မမ၊ ၈၀ မမနဲ့ ၁၂၀ မမ အလုံး ၄၀ ထက်မနည်း ဆက်တိုက်ပစ်ခတ်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကနဦးမှာ နေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အလူးလေးကျေးရွာဒေသခံတွေဟာ တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကျေးရွာထဲ ပြန်လည်နေထိုင်နေတာဖြစ်ပြီး အခုအခါမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာလုံးကျွတ်ထပ်မံ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

အလူးလေးကျေးရွာဟာ အိမ်ခြေ ၇၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်ရှိကာ ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် တောတောင်တွေနဲ့ ဘေးလွတ်ရာ ဥယျာဉ်ခြံတွေထဲမှာ ပုန်းရှောင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့က အလူးလေးကျေးရွာအနီး ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်က အလူးကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - KPSN

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...