မောက်မယ်မြို့နယ်အတွင်း ကလေးငယ် တစ်ဦး နှင့် အမျိုးသမီး (၂) ဦး မိုင်းနင်းမိ

မောက်မယ်မြို့နယ်အတွင်း ကလေးငယ် တစ်ဦး နှင့် အမျိုးသမီး (၂) ဦး မိုင်းနင်းမိ

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ကလေး တစ်ဦး အပါအဝင် အရပ်သား (၃) ဦး တောထဲ ဟင်းရှာထွက်စဥ် မိုင်းနင်းမိခဲ့ကြောင်း စုံစမ်း သိရသည်။

ယမန်နေ့ ( ဧပြီ ၁၈) ရက် မနက်ပိုင်းတွင် တောထဲ ဟင်းရှာထွက်ရာမှ ကလေးငယ်တစ်ဦး နှင့် အမျိုးသမီး (၂) ဦး မိုင်းနင်းမိခဲ့ပြီး ထို မိုင်းနင်းမိသည့် နေရာသည် ပအိုဝ်းအမျိုးသားများလွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့အကြား စစ်ရေးဖြစ်ပွားနေသည့် နေရာဖြစ်သည်။

“တောထဲ ဟင်းစားရှာထွက်တဲ့ အချိန် မိုင်းနင်းမိတာ၊ အမျိုးသမီးတစ်ယောက် နင်းမိပြီးတော့ နောက်ထပ် နှစ်ယောက် မိုင်းစတွေ ထိမှန်တာ၊ အသက် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်းပါတယ်” ဟု အမည် မဖော်လိုသူ ရပ်ရွာ တာဝန်ရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မိုင်းနင်းမိသည့် အရပ်သားများသည် အသက် ၄၀ ဝန်းကျင် ရန်ကင်းရွာနေ အမျိုးသမီး (၂) ဦး နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကြပြီး နမ့်ပါတက်ကျေးရွာအနီး တောင်ပေါ်တွင် မိုင်းနင်းမိခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိုင်းနင်းမိ ဒဏ်ရာရသည့် အရပ်သားများကို PNLO/PNLA မှ လာရောက် သယ်ဆောင်ကာ ဆေးကုသမှု ပေးနေကြောင်းလည်း ဒေသခံများက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသည် RCSS/SSA နှင့် PNLO/PNLA တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေသည့် နေရာများ ဖြစ်ကြပြီး နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာမှုများလည်း ရှိနေကြောင်း အထက်ပါ ရပ်ရွာ တာဝန်ရှိသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ပြီးတဲ့ပတ်ထဲက ထိတွေ့တိုက်ပွဲ ဖြစ်ပြီးကတည်း က မြေပြင်မှာ နှစ်ဖက် တပ်ဖွဲ့ရဲ့ စစ်ရေးတင်းမာမှုက ရှိနေတုန်းပဲ၊ အခု မိုင်းပေါက်ကွဲမှု ဖြစ်တဲ့နေရာကလည်း နှစ်ဖက်တပ်ဖွဲ့က သွားလာနေကြတယ်” ဟု ၎င်းက ဆက်ဆိုသည်။

ယခုတစ်ကြိမ် မိုင်းပေါက်ကွဲမှုသည် မည်သည့်လက်နက်ကိုင် တပ်ဖွဲ့မှ ထောင်ထားသည့် မိုင်းဖြစ်ကြောင်းကိုလည်း မသိရသေးကြောင်းလည်း ၎င်းက ဆက်ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ မြေမြှုပ်မိုင်း ထောင်ထားခြင်းသည် အရပ်သား ပြည်သူများ အတွက် အန္တရာယ်ကြီးမားကြောင်း နှင့် မိုင်းထောင်ထားသည့် အမှတ်အသားများကို ပြုလုပ်ပေးစေလိုကြောင်းလည်း ဒေသခံများက တောင်းဆိုကြသည်။

“နှစ်ဖက် တပ်ဖွဲ့ (RCSS နှင့် PNLA) ထိတွေ့မှုဖြစ်ပြီး အခုလို မိုင်းပေါက်ကွဲမှု ထပ်ဖြစ်တယ်ဆိုတော့ ဒါက နှစ်ဖက် တပ်ဖွဲ့ အချင်းချင်း မကျေနပ်လို့ လုပ်တာပဲဖြစ်ဖြစ် ၊ ပြည်သူကို ဒုက္ခပေးချင်လို့ပဲ ဖြစ်ဖြစ် မလုပ်သင့်ပါဘူး၊ တကယ် လို့ မိုင်းထောင်ထားတယ်ဆိုရင်လည်း မိုင်းထောင်ထားတဲ့ အမှတ်အသားတွေကို လုပ်ပေးစေချင်တယ်၊ အဲ့ဒီလိုဆိုရင် ပြည်သူတွေလည်း ရှောင်ထွက်သွားလာလို့ရတယ်၊ အခုက တောင်ယာသွားတာ၊ ဟင်းစားရှာထွက် တာတောင် မလုပ်ရဲတော့ဘူး” ဟု အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့တွင် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ နားဟီးကျေးရွာအုပ်စုမှ နမ့်ပါတက် ကျေးရွာ အနီးတွင် RCSS/SSA နှင့် PNLO/PNLA က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့မှ ထိခိုက် သေဆုံးမှုများလည်း ရှိခဲ့သည်။

အဆိုပါ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံများလည်း တောထဲသို့ စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...