ရခိုင်တွင် သင်္ကြန်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိခဲ့

ရခိုင်တွင် သင်္ကြန်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိခဲ့
ဧပြီလ ၁၆ ရက်နေ့က ဆိုင်ကယ် မတော်တဆဖြစ်ပွားမှုတစ်ခုအားတွေ့ရစဉ်။ ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း။
ဧပြီလ ၁၆ ရက်နေ့က ဆိုင်ကယ် မတော်တဆဖြစ်ပွားမှုတစ်ခုအားတွေ့ရစဉ်။ ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ကား၊ ဆိုင်ကယ် စသည့် ယာဉ်တိုက်မှုကြိမ်ရေ ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂ ဦးနှင့် ထိခိုက်ဒဏ်ရရှိသူ ၂၀ ကျော်အထိရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲနှင့် အရေးပေါ်လူမှုကူညီရေး အသင်းများထံမှ သိရသည်။

အဆိုပါ ယာဉ်မတော်တဆဖြစ်ပွားမှုအတွင်း တောင်ကုတ်တွင် ၁ ဦးနှင့် စစ်တွေတွင် ၁ ဦး စုစုပေါင်း အမျိုးသား ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက DMG သို့ပြောသည်။

“သင်္ကြန်ကာလအတွင်း ကျနော်ဆီကို တိုင်လာတဲ့အမှုတွေကတော့ ယာဉ်တိုက်မှု ၅ ကြိမ်ပဲရှိတယ်။ တခြား နေရာတွေမှာ ဒီထက်လည်း များချင်များမှာပေါ့။ ကျနော်တို့ဆီကို ဒီလောက်ပဲ တိုင်လာတာ။ ယာဉ်မတော်တဆမှုတွေဟာ အဓိကတော့ အရှိန်ပြင်း မောင်းတဲ့အတွက် ဖြစ်ကြတာများပါတယ်”ဟု ၄င်းကဆိုသည်။

အလားတူ စစ်တွေမြို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း၏ စာရင်းအရ သင်္ကြန်ကာလအတွင်း စစ်တွေမြို့တစ်မြို့တည်းတွင် ယာဉ်မတော်တဆဖြစ်ပွားမှု ၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၂ ဦးရှိကြောင်း သိရသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ ဦးမင်းထည်ဝါက “သင်္ကြန်ကာလမှာ ယာဉ်တိုက်မှု ၂၃ ကြိမ်ဖြစ်ခဲ့တယ်။ သေတဲ့သူ ၁ ဦးရှိတယ်။ ကျန်တဲ့ဒဏ်ရာရသူတွေကတော့ ဦးခေါင်းကွဲ၊ ခြေမ,ကျိုး၊ ခြေထောက်ကျိုးမှုတွေများတယ်”ဟု ပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ စာရင်းအရ ယာဉ်မတော်တဆဖြစ်ပွားမှုများမှာ ဧပြီ ၁၃ ရက်နေ့တွင် ၇ ကြိမ်၊ ၁၄ ရက်နေ့တွင် ၇ ကြိမ်နှင့် ၁၅ ရက်နေ့တွင် ၆ ကြိမ်နှင့် ၁၆ ရက်နေ့တွင် ၃ ကြိမ်ရှိကြောင်း သိရသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ကာလတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှ သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ၂၀၂၂ ခုနှစ်တွင် ယာဉ်မတော်တဆမှုပေါင်း ၁၄၉ မှုဖြစ်ပွားကာ သေဆုံးသူ ၈၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၂ ဦး အထိရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းအရ သိရသည်။

ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...