ယာဉ်မလုံလောက်မှုနှင့် သတင်းရရှိမှု နည်းပါးသဖြင့် ရခိုင်တွင် ကူညီကယ်ဆယ်ရေး အခက်တွေ့

ယာဉ်မလုံလောက်မှုနှင့် သတင်းရရှိမှု နည်းပါးသဖြင့် ရခိုင်တွင် ကူညီကယ်ဆယ်ရေး အခက်တွေ့
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။

ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု အားနည်းခြင်းနှင့် သယ်ယူပို့ဆောင်ရေးယာဉ် နည်းပါးခြင်းတို့ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အခက် အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း လူမှုအဖွဲ့အစည်းများက ပြောသည်။

လက်ရှိ ရခိုင်တွင် စစ်အုပ်စုတပ်၏ လေကြောင်းအန္တရာယ်ကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရပြီး ဗုံးကြဲမှုဖြစ်စဉ်များ နှင့် ပတ်သက်၍ သတင်းအချက်အလက် ရရှိမှု အားနည်းချက်ကြောင့် ထိခိုက်နစ်နာသူများကို အချိန်နှင့်တစ်ပြေး ညီ မကူညီနိုင်ဘဲ ဖြစ်နေရသည်။

ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုပြည့်ဖြိုးနိုင်က “လေယာဉ်လာသံလည်း ကြားလိုက်တယ်။ ဗုံးကြဲ တဲ့အသံလည်း ကြားလိုက်တယ်။ ဒါပေမဲ့ သတင်းအချက် အလက်မရရှိတော့ ဘယ်နားမှာ ဘယ်လို ဖြစ်လဲဆို တာ ကျနော်တို့ မသိဘူး။ ဒါကြောင့် အစိုးရအနေနဲ့လည်း ကူညီကယ်ဆယ်ရေးလုပ်တဲ့ အဖွဲ့အစည်းတွေအတွက် သတင်းအချက်အလက်ရရှိမှု မြန်ဆန်လာအောင် အထူးအစီစဉ်တစ်ရပ်အနေနဲ့ လုပ်ဆောင်ပေး စေချင်တယ်” ဟု ပြောသည်။

ထို့ကြောင့် ရခိုင်ဒေသတွင်း အရေးပေါ် အခြေအနေများကို ကူညီပေးနိုင်ရန် အာရက္ခတပ်တော်အနေဖြင့် သတင်း အချက်အလက်များ မြန်ဆန်ရေး ကူညီသင့်ကြောင်း လူမှုကူညီရေးအဖွဲ့များက တောင်းဆိုကြသည်။

လက်ရှိတွင် လူမှုကူညီရေး လုပ်ငန်းများကို အတတ်နိုင်ဆုံး အချိန်နှင့်တစ်ပြေးညီ ကူညီနိုင်ရန် ဆောင်ရွက်နေ သော်လည်း အခြားတစ်ဖက်တွင် သယ်ယူပို့ဆောင်ရေးယာဉ် မလုံလောက်မှုကလည်း မြေပြင်အဓိက စိန်ခေါ်မှု တစ်ခု ဖြစ်နေသည်။

ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုခိုင်ဟိန်းထက်က “ကျနော်တို့မှာဆိုရင် အခု လက်ရှိ ကားသုံးစီး ရှိတယ်။ နှစ်စီးက ပျက်နေတယ်။ ပြန်ပြီးတော့ မပြုပြင်နိုင်လို့ လေ။ အဲချိန်မှာ အရေးပေါ် အခြေအနေရှိရင် ကျနော်တို့ လူနာတွေကို ကယ်ဆယ်ရေးလုပ်ဖို့ တအားစိတ်ရှုပ် ရတယ်။ အခုက အုပ်စုလိုက်ဗုံးကြဲတော့ ထိခိုက်တဲ့သူတွေ ကလည်း ဆယ်ယောက်နီးပါး ထိခိုက်တာတွေ မကြာ မကြာ ကြုံလာရတယ်။ အဲလို ဖြစ်ရပ်တွေကို ကြုံလာရ တော့ လူနာတွေကို တင်ဖို့အတွက် ကျနော်တို့မှာရှိတဲ့ ကား အရင်းအမြစ်တွေနဲ့ မလုံလောက်ဘူး” ဟု ပြော သည်။

ပြည်တွင်း/ပြည်ပ အကူအညီ ရရှိမှုများလည်း လျော့နည်းလာသဖြင့် သယ်ယူပို့ဆောင်ရေးယာဉ် တိုးချဲ့နိုင်ခြင်း မရှိဘဲ အခက်အခဲများကြားမှ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်အတွင်းရှိ လူမှုအဖွဲ့အစည်းများသည် မြို့သိမ်းတိုက်ပွဲ စတင်စဉ်ကတည်းက အကူအညီပေးရေး လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ယခင်က ရခိုင်တွင် လူမှုကူညီရေးအဖွဲ့ အများအပြား ရှိခဲ့သော်လည်း အခက်အခဲ အမျိုးမျိုးကြောင့် လုပ်ငန်းများ ရပ်တန့်ခဲ့ရမှုများလည်း ရှိနေသည်။

စစ်အုပ်စုတပ်၏ လေကြောင်းအန္တရာယ် ရင်ဆိုင်နေရသော ရခိုင်ဒေသတွင် နေ့စဉ်နှင့်အမျှ ထိခိုက်သေဆုံးမှု မြင့်တက်နေပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်များလည်း အလွန်မြင့်မားလျက်ရှိသည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...