ခမရ(၉) နှင့် သိမ်ဆိပ်ရဲစခန်းအား နှစ်ဆန်းတစ်ရက်နေ့တွင် တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း HRS တာဝန်ခံပြောကြား

ခမရ(၉) နှင့် သိမ်ဆိပ်ရဲစခန်းအား နှစ်ဆန်းတစ်ရက်နေ့တွင် တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း HRS တာဝန်ခံပြောကြား

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုနှင့် ရဲစခန်းတစ်ခုအား တပ်မဟာ (၁) KNLA တပ်ခွဲ(၃) ၊ သထုံ ပ.က.ဖ၊ HRS ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ “နှစ်ဦးသွေးကြွေး ဆပ်အလှူ” အဖြစ် နှစ်ဆန်းတစ်ရက်နေ့တွင် တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း Hawk Revolutionary Squad- HRS တာဝန်ခံက မဇ္ဈိမသို့ပြောသည်။

သထုံမြို့နယ်၊ ဝင်းပကျေးရွာအခြေစိုက် ခမရ(၉) တပ်ရင်းအား ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးနေအိမ်၊ လိုင်းခန်းများနှင့် ဗဟိုကင်းတဲအပါ အဝင် အဆောက်အဦးများနှင့် လက်နက်ကြီးပစ်ကွင်းများအပေါ်ကျရောက်ခဲ့၍ အဆောက်အဦး ပျက်စီးမှု များရှိကြောင်းနှင့် စစ်ကောင်စီဘက်မှ အထိအခိုက်အား စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

“အဆောက်အဦးနဲ့လိုင်းခန်းတွေထဲ ကျကွဲတော့ ပျက်စီးမှုတွေရှိပါတယ်။ လူအထိအခိုက်ကိုတော့ တိတိ ကျကျမသိရသေးပါဘူး။ ခမရ(၉) က လက်နက်ငယ်ရော၊ လက်နက်ကြီးတွေနဲ့ပါ ပြန်ပစ်ပါတယ်" ဟု HRS တာဝန်ခံက ပြောသည်။

ခမရ(၉) မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပူးပေါင်း တပ်ဖွဲ့ဘက်တွင် ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

ဝင်းပအခြေစိုက် ခမရ(၉)တပ်ရင်းသည် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ အဝင်အထွက်လုပ်လေ့ရှိ ပြီး တပ်အပြောင်းအလဲမကြာခဏဖြစ်ကာ တပ်ရင်းမှူးလည်း မကြာသေးခင်ကာလကမှ အသစ်ပြောင်း ထားကြောင်း HRS တာဝန်ခံထံမှ သိရသည်။

ထို့ပြင် ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် သိမ်ဆိပ်ရဲစခန်းအား တပ်မဟာ (၁) KNLA တပ်ခွဲ(၃) ၊ သထုံ ပ.က.ဖ၊ HRS ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ၄၀ မမ၊ လက်နက်ငယ်များဖြင့် သွား ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင်လေးဦး ထိခိုက်ဒဏ်ရာရပြီး ရဲသုံးဦး သေဆုံးခဲ့ကြောင်း သိရ သည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့နံနက်ပိုင်းကလည်း ခမရ(၉)တပ်ရင်းအား KNLA ပါဝင်သော ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား များ အပါအဝင် မိသားစုဝင်များပါ ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...