လွိုင်ကော်အရှေ့ခြမ်းကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲလို့ ဆေးပေးခန်းပျက်စီး

လွိုင်ကော်အရှေ့ခြမ်းကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲလို့ ဆေးပေးခန်းပျက်စီး

ကယားပြည်နယ်၊ လွိုင်ကော်အရှေ့ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ စစ်ဘေးရှောင်ဆေးခန်းတစ်ခု လုံးဝပျက်စီးသွားခဲ့တယ်လို့ ကရင်နီပြည်နယ်အတိုင် ပင်ခံကောင်စီ KSCC လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ကပြောပါတယ်။

ဒီနေ့ ဧပြီလ(၁၇) ရက်နေ့ မနက်(၂) နာရီလောက်မှာ ဗုံး(၄)လုံးကြဲချခဲ့တာဖြစ်ပြီး (၃) လုံးပေါက်ကွဲ ခဲ့ပေမယ့် (၁)လုံးက မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီဗုံးကြဲခဲ့တာဟာ စစ်ရှောင်စခန်းကိုဖြစ်နိုင်ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ကရင်နီ ပြည်အတိုင်ခံကောင်စီ KSCC လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးဗညားက သံလွင်တိုင်းမ် ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ရှောင်တွေရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ရှောင် အသက်(၅၃) နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက်(၁၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရ သင်္ကြန်မဏ္ဍပ် ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် လွိုင်ကော်အရှေ့ဘက်ခြမ်းကို လက်နက်ကြီး၊လေကြောင်းပစ်ခတ်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်ကျော်အတွင်း ကယားပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် (၃၀၀) ကျော်ပြုလုပ်ခံထားရတယ်လို့ ဒေသတွင်းသတင်းအချက်အလက်တွေမှာ ဖော်ပြ ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - KNIC

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...