လွိုင်ကော်အရှေ့ခြမ်းကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲလို့ ဆေးပေးခန်းပျက်စီး

လွိုင်ကော်အရှေ့ခြမ်းကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲလို့ ဆေးပေးခန်းပျက်စီး

ကယားပြည်နယ်၊ လွိုင်ကော်အရှေ့ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ စစ်ဘေးရှောင်ဆေးခန်းတစ်ခု လုံးဝပျက်စီးသွားခဲ့တယ်လို့ ကရင်နီပြည်နယ်အတိုင် ပင်ခံကောင်စီ KSCC လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ကပြောပါတယ်။

ဒီနေ့ ဧပြီလ(၁၇) ရက်နေ့ မနက်(၂) နာရီလောက်မှာ ဗုံး(၄)လုံးကြဲချခဲ့တာဖြစ်ပြီး (၃) လုံးပေါက်ကွဲ ခဲ့ပေမယ့် (၁)လုံးက မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီဗုံးကြဲခဲ့တာဟာ စစ်ရှောင်စခန်းကိုဖြစ်နိုင်ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ကရင်နီ ပြည်အတိုင်ခံကောင်စီ KSCC လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးဗညားက သံလွင်တိုင်းမ် ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ရှောင်တွေရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ရှောင် အသက်(၅၃) နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက်(၁၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရ သင်္ကြန်မဏ္ဍပ် ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် လွိုင်ကော်အရှေ့ဘက်ခြမ်းကို လက်နက်ကြီး၊လေကြောင်းပစ်ခတ်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်ကျော်အတွင်း ကယားပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် (၃၀၀) ကျော်ပြုလုပ်ခံထားရတယ်လို့ ဒေသတွင်းသတင်းအချက်အလက်တွေမှာ ဖော်ပြ ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - KNIC

Most read this week

Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...