စစ်ကောင်စီက ဝေဘူလမြို့ကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ ၉ ဦးသေဆုံးဟုဆို

စစ်ကောင်စီက ဝေဘူလမြို့ကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ ၉ ဦးသေဆုံးဟုဆို

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီက ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်မှာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၉ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဧပြီလ ၁၀ ရက် မနက်ပိုင်းတွင် ဖလမ်းမြို့အနီး ဗာရ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေဖြင့် ဝေဟင်က နေဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဝေဘူလမြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဝေဘူလမြို့ စာသင်ကျောင်းနှင့် ဘောလုံးကွင်းအနီးတွင် ဗုံး ၂ လုံးကြဲချခဲ့ပြီး အရပ်သားပြည်သူ အနည်းဆုံး ၉ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

၉ ယောက်သေဆုံးတယ်လို့သိရတယ် ထိခိုက်ဒဏက်ရာရတဲ့သူ တော်တော်များတယ်၊ အမျိုးသူမီးတစ်ယောက်ဆို ကုသနေချိန်မှာ သေသွားတယ်၊ သေသွားတဲ့သူ လူဦးရေက အတိအကျပြောရဖို့ နည်းနည်းခက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဝေဘူလဘက်က လိုင်းမကောင်းတဲ့အခါကြတော့ အတိအကျမသိနိုင်သေးဘူး" ဟု ဖလမ်းမြို့က ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝေဘူလမြို့ပေါ်က လူနေအိမ် ၅ လုံးလည်း မီးလောင်းပျက်စီးခဲ့သည်ဟု သိရသည်။

ဝေဘူလမြို့သည် ဗာရ်ကျေးရွာမှာ ၁၅ မိုင်ခန့်ကွာဝေးပြီး ကလေး-နတ်ချောင်း-ဖလမ်း လမ်းမပေါ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဧပြီလ ၁၀ ရက်နေ့မနက်မှာ ဖလမ်းမြို့နယ် ဗာရ်းကျေးရွာနှင့် ကြောင်ဟဲကျေးရွာတို့တွင်လည်း ၆ ကြိမ်ထက်မနည်း ဗုံကြဲခဲ့ကြောင်း သိရသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...