NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းရန် အသင့်ရှိနေကြောင်း တပ်ချုပ်ပြော

NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းရန် အသင့်ရှိနေကြောင်း တပ်ချုပ်ပြော
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြင့် ညှိနှိုင်းရန် အသင့်ရှိနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

အောက်တိုဘာ ၁၇ ရက်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ယင်းသို့တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ "ပါတီစုံဒီမိုကရေစီလမ်းကြောင်းနှင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံထိန်းသိမ်းလိုမှုအပေါ်အခြေခံပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး NCA တွင် ပါ၀င်လက်မှတ် ရေးထိုး နိုင်ရေး အတွက် တပ်မတော်အနေဖြင့် လက်မှတ်ရေးထိုးရန်ကျန်ရှိသည့်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အသင့်ရှိမှုများအား ဆွေးနွေးပြောကြားခဲ့သည်" ဟု သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ်မှ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံပြီး ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ပြောဆိုခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်လက်နက်ကိုင်အဖွဲ့(DKBA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့တို့မှ လက်မှတ်ရေးထိုးထားသည်။

သို့သော်လည်း မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်ပြည် နယ်စပ်နှင့် ထိစပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမူ NCA ကိုလက်မခံကြောင်း နိုင်ငံရေးဆွေးနွေးမှုပုံစံအသစ်ဖြင့် သွားလိုကြောင်း ထုတ်ပြန်ထားသည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...