ကရင်နီစစ်မြေပြင်တစ်နေရာမှာ အရေးပေါ်ကယ်ဆယ်ပေးနေတဲ့ ဆေးအဖွဲ့မှ (၂) ဦး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ရ

ကရင်နီစစ်မြေပြင်တစ်နေရာမှာ အရေးပေါ်ကယ်ဆယ်ပေးနေတဲ့ ဆေးအဖွဲ့မှ (၂) ဦး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ရ

ဧပြီလ (၇)ရက်နေ့က ကရင်နီပြည် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရေးပေါ်ကယ်ဆယ်ရေးဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ကျန်းမာရေးကော်မတီက ဒီကနေ့ (ဧပြီ ၁၁ရက်နေ့)မှာ သတင်းထုတ်ပြန်ပါတယ်။

ကျဆုံးသွားခဲ့ရတဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင််( ၂ ) ဦးကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း KSCC ရဲ့ ကျန်းမာရေးကော်မတီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျဆုံးသွားတဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၂ ဦးရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ KSCC ရဲ့ ‌တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အသေးစိတ်ကို လတ်တလောမှာ ဖြေကြားလို့ အဆင်မပြေနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ရေးအရှိန်မြင့် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲပြင်းထန်မှုတွေမှာ စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် အသုံးပြုနေတာဖြစ်ပါတယ်။

မတ်လတစ်လအတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ဦး သေဆုံးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဧပြီ(၃)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မတ်လအတွင်းမှာ ကရင်နီပြည်တွင်းရှိမြို့နယ်များသို့ ရဟတ်ယာဉ်ဖြင့် ဖြတ်ကျော်ပျံသန်းမှု အကြိမ်ရေ (၅၂)ကြိမ် နဲ့အထက် ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...