သားနှင့်သမီးကို စွန့်လွှတ်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကြေငြာ

သားနှင့်သမီးကို စွန့်လွှတ်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကြေငြာ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဟောင်းဖြစ်ခဲ့သူ လက်ရှိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က သားနှင့်သမီးနှစ်ဦးကို စွန့်လွှတ်လိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်သည့် သတင်းစာထဲတွင် ယမန်နေ့က ထည့်သွင်း ကြေငြာထားသည်ဟု သိရသည်။

အဆိုပါသားနှင့်သမီးနှစ်ဦးသည် မိဘ၏ ဆိုဆုံးမမှုကိုမနာခံဘဲ စိတ်ဆင်းရဲအောင် အကြိမ်ကြိမ် လုပ် သည်ဟူ၍ သားသမီးအဖြစ်မှ စွန့်လွှတ်လိုက်ကြောင်းဆိုပြီး မန်းငြိမ်းမောင်၏ လွှဲအပ်ညွှန်ကြား ချက်အရ ၎င်း၏တရားလွှတ်တော်ရှေ့နေမှတစ်ဆင့် စစ်ကောင်စီထိန်းချုပ်သည့် သတင်းစာထဲတွင် ကြေငြာထားသည်ကို တွေ့ရှိရသည်။

၎င်း၏ သားဖြစ်သူ စောအောင်ကြည်ငြိမ်းနှင့် သမီးဖြစ်သူ နော်အေးမူနှင့်ပတ်သက်၍ နောက်နောင်တွင် သူတို့နှင့်ပတ်သက်သည့် ကိစ္စအဝဝကိုလုံးဝတာဝန်ယူမည်မဟုတ်သလို ဖြေရှင်းပေးမည် မဟုတ်ကြောင်းလည်း အများသိစေရန် အသိပေးကြေငြာထဲတွင် ဆိုထားသည်။

မန်းငြိမ်းမောင်က ၎င်း၏ သားသမီး၂ဦးကို သားသမီးအဖြစ် စွန့်လွှတ်ကြေငြာရသည့်အကြောင်းနှင့် ပတ်သက်၍ အသေးစိတ်မသိရှိရသေးသလို စုံစမ်းမေးမြန်းခြင်းသည်းခံရန်ဆိုပြီး ၎င်း၏  ကြေငြာစာထဲတွင် ပြောဆိုထားသည်။

မန်းငြိမ်းမောင်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုကော်မတီဝင် ဟောင်းတစ်ဦး ဖြစ်သလို ၂၀၂၀ခုနှစ်တွင် ဗဟိုကော်မတီဝင်အဖြစ်မှနုတ်ထွက်ကာ  ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကရင်ပြည်သူ့ပါတီ (KPP)ဝင်အဖြစ်နှင့် ဝင်ရောက်ယှဉ်ပြိုင်ကာ မဲရှုံးခဲ့သူလည်းဖြစ်သည်။

၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခန်အပ်ထားချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ထဲတွင် ပါဝင်သည့်အတွက် ကရင်လူထုများ၏ ဝေဖန်ပြောဆိုခြင်းခံရသည့်အပြင် ၂၀၂၁ခုနှစ်တွင် အမေရိ ကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဩစတြေးလျားအစိုးရတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲတွင် ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...