ထီးချိုင့်တွင် စစ်တပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် အရပ်သား ၃ ဦး သေဆုံး

ထီးချိုင့်တွင် စစ်တပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် အရပ်သား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာထဲနှင့် ဦးလာဘဘုရားအနီးကို စစ်ကောင်စီတပ်က မတ်လ ၃၁ ရက်နေ့ ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ဦး သေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ထိမှန် ပျက်ဆီးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် မြစ်ကြီးနားဘက်မှ ဆင်းလာသော ဂျက်ဖိုက်တာနှစ်စီးဖြင့် ပေါက်ကုန်းရွာ နှင့် ဝဲကြီးနှင့် အင်ဒေါင်းရွာကြား ဦးလာဘဘုရားအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကဆိုသည်။

“နှစ်နေရာဗုံးကြဲခံရတာပါ ပေါက်ကုန်းရွာထဲက အိမ်တစ်လုံးရယ် ဝန်ထမ်းဆောင်တစ်ခုရယ်ပျက်ဆီးသွားတယ် နောက်တစ်နေရာက မြစ်အရှေ့ဘက်ကမ်း ကမ်းနီဝဲကြီး အဲ့မှာက ပြည်သူ၅ဦးထိတယ် ၃ဦးသေဆုံးတယ် တစ်ဦး က ဒဏ်ရာပြင်းထန်ပြီး တစ်ဦးကမစိုးရိမ်ရဘူးလို့သိရတယ်“ဟုကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသောဒေသခံများနှင့် အရပ်သားပြည်သူများသည် ဦးလာဘဘုရား အနီး စစ်ဘေးရှောင်နေကြသော ဒေသခံများဖြစ်ပြီး တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ပေါက်ကုန်းကျေးရွာသည် ထီးချိုင့်မြို့နယ်မြောက်ဘက်အခြမ်းတွင်တည်ရှိပြီး အိမ်ခြေ၃၀၀ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...