ရွှေကူမြို့နယ် ၂ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုရှိဟုဆို

ရွှေကူမြို့နယ် ၂ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုရှိဟုဆို

ကချင်ပြည််နယ်၊ ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တို့ကြား ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်း ၆ နာရီအချိန်မှစတင်ကာ စစ်အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်း ၃ ခုဖြင့်  ရွှေကူမြို့အရှေ့ဘက်ခြမ်းရှိ မံဝိန်းရွာ၊ ငှက်တံတားကျေးရွာ၊ နောင်လတ်ကြီးကျေးရွာစဉ်တစ်လျှောက် စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် KIA နှင့် PDF အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း ရွှေကူ PDF နှင့်နီးစပ်သူ ဒေသခံတစ်ဦးက KNG ကိုပြောသည်။

“ဒီနေ့ မနက် ၇ နာရီလောက်ကနေ နောင်လတ်ကြီးရွာနားမှာတိုက်ပွဲ ဖြစ်တာ။ စကစ(စစ်ကောင်စီစစ်သား) တွေ နောင်လတ်ကြီးရွာကိုပစ်ခတ်ပြီးဝင်လာတာ ကလေးတွေ(PDF) ကလည်းပြန်ပစ်ပြီးနောက်ဆုတ်ပေး လိုက်တယ်။ ကလေးတွေပြန်ပစ်တော့ စစ်သားသုံးယောက်ထိတယ်ပြောတယ် သေတာသုံးယောက်ဒဏ်ရာရတာလည်းရှိတယ်သေးစိတ်မသိရသေးဘူး”ဟုပြောသည်။

အလားတူ ယမန်နေ့ ည ၄ နာရီဝန်းကျင်အချိန်တွင်လည်း စစ်ကြောင်း ၃ ကြောင်းအနက် ငှက်တံတားကျေးရွာကိုဝင်ရောက်သည့် စစ်ကြောင်းက ငှက်တံတားရွာအနီးတွင် တိုက်ခိုက်ခံရသည့်အတွက်  ယင်းစစ်ကြောင်းမှ ဒုတပ်ရင်းမှူး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သူကဆက်ဆိုသည်။

“မနေ့တုန်းကတော့အဲ့ငှက်တံတားရွာနားမှာဖြစ်တာ အချိန်တော်တော်ကြာဖြစ်တယ် သူ့တို့ရဲ့ စစ်ကြောင်းမှူးအောင်အောင် ကတော့ဒဏ်ရာရသွားတယ်တဲ့ ညတုန်းကလူနာတင်ကားနဲ့တင်လာတာ အခုရွှေကူဆေးရုံမှာပြောတယ်။ ဘယ်နားကိုထိလည်းတော့မသိရဘူး”ဟုပြောသည်။

စစ်ကောင်စီဘက်မှ တိုက်ပွဲအတွင်း စစ်ကြောင်းမှူး ထိခိုက်သွားကြောင့် ရွှေကူမြို့တွင်းတပ်နှင့် ရဲစခန်းများဘက်မှ ရွှေကူအရှေ့ဘက်ခြမ်း ကျေးရွာများဘက်သို့ လက်နက်ကြီးများ အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောသည်။

တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီအဖွဲ့က ယမန်နေ့နံနက်ပိုင်းတွင် နောင်လတ်ကြီးကျေးရွာမှ လူနေအိမ် ၂ လုံးနှင့် ညနေပိုင်းတွင် ငှက်တံတားကျေးရွာမှ လူနေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

လက်ရှိတွင် စစ်ကြောင်း ၃ ခုခွဲကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီအဖွဲ့ သည် ယနေ့နံနက်ပိုင်း စစ်ကြောင်း ၂ ခုအဖြစ်ပူးပေါင်းသွားပြီး နောင်လတ်ကြီးကျေးရွာဘက်သို့ ဝင်ရောက်သွားပြီး ကျန်စစ်ကြောင်း တစ်ခုမှာ မံဝန်းကျေးရွာဘက်သို့ ရောက်ရှိနေကြောင်း ဒေသခံများကပြောသည်။

ရွှေကူအရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်လျှောက်တွင် စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် မံဝိန်း၊ နောင်လတ်ကြီး၊ ငှက်တံတား၊ ဝင်ဝ စသည့်ကျေးရွာများမှ ပြည်သူများသည် ရွှေကူမြို့ပေါ်နှင့် စစ်ကြောင်းမရောက်ရှိသေးသည့် ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...