ရွှေကူနယ်တွင် စစ်ကြောင်းဝင်ရောက်ထိုးနေသဖြင့် ရွာသားတစ်ချို့ထွက်ပြေးတိမ်းရှောင်နေရ

ရွှေကူနယ်တွင် စစ်ကြောင်းဝင်ရောက်ထိုးနေသဖြင့် ရွာသားတစ်ချို့ထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးတဝိုက်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် ကျေးရွာနေပြည်သူတစ်ချို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့နံနက်ပိုင်းမှစတင်ပြီး ရွှေကူမြို့အရှေ့ဘက်ခြမ်းရှိ မံဝိန်း၊ ဝင်ဝ၊ ငှက်တံတား၊ စီသာရွာ စသည့်ကျေးရွာများဘက်တွင် စစ်အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ၃ ခုခွဲကာ စစ်ကြောင်းဝင်ရောက်လာသည်ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

”ရွှေကူလေးလမ်းဆုံမှာလာချသွားတာပါ့။ မနက်အစောကြီးမျက်စိရှေ့တင်လာချသွားတာ ၁၀၀ ကျော်လောက်တော့ရှိတယ်။ စစ်သားတွေကိုကားနဲ့လာချပြီး အဲ့ကနေခြေလျင်နဲ့ သူတို့က ရွာစင်တွေ တစ်လျှောက်တော့ဝင်ထားကြပြီ”ဟုပြောသည်။

ယင်းစစ်ကြောင်းသည် တပ်မ ၇၇၊ တပ်မ ၁၀ တို့ပူးပေါင်းတပ်တို့ဖြစ်ကြသည်ဟု သိရပြီး မံဝိန်း နှင့် စီသာကျေးရွာဘက်တွင်တစ်ကြောင်း၊ ဝင်ဝရွာဘက်တစ်ကြောင်း၊ ငှက်တံတားရွာဘက်သို့တစ်ကြောင်း သုံးကြောင်းခွဲ၍ လှည့်လည်စစ်ကြောင်းထိုးနေကြောင်းသိရသည်။

လက်ရှိ စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ရွှေကူအရှေ့ဘက်ခြမ်းရှိကျေးရွာနေပြည်သူများသည် စစ်ကြောင်းဝင်ရောက်ရှိသေးသည့် နီးစပ်ရာ ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းအရင်းအမြစ်က ဆက်ဆိုသည်။

”ရွာသားတွေကတော့ပြေးနေကြတယ်။ ရွှေကူနဲ့နီးတဲ့ရွာတွေကတော့ဒီဘက်တွေကိုရောက်ခဲ့ကြပြီ။ မနက်ကတည်းကရောက်ခဲ့ကြတာ တချို့တော့လည်းစစ်ကြောင်းနဲ့လွတ်တဲ့ရွာတွေဘက် ထွက်ပြေးနေတယ်”ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာများအတွင်းသို့ လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်ကာ ဝင်ရောက်လာကြပြီး စစ်ကြောင်းတစ်ချို့မှာ ရွာဘုန်းကြီးကျောင်းများတွင် တပ်စွဲထားသည်ဟု သိရသည်။

လက်ရှိ စစ်ကြောင်းဝင်ရောက်နေသည့် ကျေးရွာများမှာ ရွှေကူမြို့ပေါ်မှ ၈ မိုင်၊ ၉ မိုင်ခန့် အကွာတွင်ရှိပြီး အိမ်ခြေ ၁၀၀ ၂၀၀ ဝန်းကျင်တွင်ရှိသည့်ကျေးရွာများဖြစ်သည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...