ဖားကန့် ဆိုင်းတောင်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ဖားကန့် ဆိုင်းတောင်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ယနေ့ နံနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် ကိုမရန်လအောင်သည် ယနေ့ နံနက် ၃ နာရီ မိနစ် ၄၀ ကျော်အချိန်တွင် ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၃ ၌ ပစ်သတ်ခံလိုက်ရကြောင်း ဖားကန့် KIA နှင့် နီးစပ်သည့် အမျိုးသားက ပြောသည်။

”KIA ကဆိုတာတော့ဟုတ်တယ် ဒါပေမယ့်သူက အကောက်ခွန်ကလား သတင်းပေးပို့တဲ့အပိုင်းလားသေချာမသိရဘူး။ အဲ့နှစ်ခုထဲက တာဝန်တစ်ခုခုယူထားတဲ့သူဟုတ်တယ်။ အဲ့တာဒီမနက်ပဲ ဆိုင်းတောင်မှာ ပစ်ခံရတာ။” ဟု ပြောသည်။

ကိုမရန်လအောင်သည် ယနေ့ နံနက်ပိုင်းက လိုင်ခရိုဆာကားဖြင့် ဆိုင်းတောင်ရပ်ကွက်ထဲ ဝင်လာစဥ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က စစ်ဆေးရန်တားမြစ်ရာ ကားမရပ်ပေးသဖြင့် ပစ်ခံလိုက်ရပြီး ပစ်ခံရသည့်နေရာနဲ့ ပေ ၅၀ ကျော်တွင်ရှိသည့် AD Van ကားကို ဝင်တိုက်မိရာ ယင်းနေရာတွင် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

”သေနတ်ဒဏ်ရာက တခြားတစ်နေရာကရခဲ့တာ ရှေ့မှာပစ်ခံရပြီးမှ သေနတ်ဒဏ်ရာနဲ့ဆိုတော့လမ်းဘေးမှာ ရပ်ထားတဲ့ AD Van ကားကိုဝင်တိုက်တာအဲ့မှာပဲ ဆုံးသွားတယ်။” ဟု ပြောသည်။

သေဆုံးသူ ကိုမရန်လအောင်ဝင်တိုက်ခဲ့သည့် DA Van ကားပိုင်ရှင်လည်း ၎င်း၏ကားဝင်တိုက်ခံရသည်ကို သိရှိသွားသောကြောင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ကိုမရန်လအောင်ကို စစ်ကောင်စီကပစ်သတ်လိုက်သည်ဟုသည့် အတည်ပြုချက်မှာဒေသခံများ၏ ပြောဆိုချက်သာဖြစ်ပြီး KNG က သီးခြားအတည်မပြုနိုင်သေးပေ။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ညဘက် ဆိုင်ကယ်၊ ကားမောင်နင်သူများကို ရပ်တန့်စစ်ဆေးမှုများ မကြာခနပြုလုပ်တတ်ပြီး ရပ်မပေးပါက ယခုကဲ့သို့ ပစ်သတ်လျက်ရှိရာပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကလည်း မှော်မောင်းလျှံမှ ဖားကန့်ဘက်သို့ ဆိုင်ကယ်စီးနင်လာသည့် အမျိုးသားနှစ်ဦးလည်း ပစ်သတ်ခံခဲ့ရသည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...